Connect with us

Asia

မြောက်ကိုရီးယား နိုင်ငံ က အမေရိကန် နိုင်ငံ အား ကိုရီးယားကျွန်းဆွယ် စစ်ပွဲရှုံးနိမ့်မှု သင်ခန်းစာ ကို မြဲမြဲမှတ်သားထားရန် သတိပေး

မြောက်ကိုရီးယား နိုင်ငံ စစ်တပ် တပ်ဖွဲ့ဝင် များအား စစ်ရေးပြ အခမ်းအနား တွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပြုံယမ်း ၊ ဇွန် ၂၅ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာန ၏ ဇွန်လ ၂၄ ရက်နေ့တွင် ဖော်ပြခဲ့သည့် သတင်းဆောင်းပါးတွင် အမေရိကန် နိုင်ငံ အား ကိုရီးယားကျွန်းဆွယ် စစ်ပွဲ၌ ရှုံးနိမ့်ခဲ့သည့် သင်ခန်းစာ ကို မှတ်သားရန် နှင့် အမေရိကန် နိုင်ငံ အနေဖြင့် ဒုတိယ အကြိမ်မြောက် ကိုရီးယားကျွန်းစွယ် တိုက်ပွဲ စတင်ရန် ကြံစည်နေပြီး ကိုရီးယား ကျွန်းစွယ်ကို သိမ်းပိုက်လိုသော စိတ်နေသဘောထား ရှိနေဆဲ ဖြစ်ကြောင်း ရေးသား ဖော်ပြခဲ့သည်။

ဆောင်းပါးတွင် အမေရိကန် နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် ၆၇ နှစ်အချိန်က ကမ္ဘာကြီးကို ဗိုလ်ကြစိုးမိုးရန် နှင့် ပြည်တွင်း ပဋိပက္ခ ကို ရှောင်လွှဲရန် အတွက် မြောက်ကိုရီးယား နိုင်ငံ ကို ကျူးကျော်တိုက်ခိုက်ရန် သေချာ စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံ အနေဖြင့် မဟာမိတ် တပ်ဖွဲ့ဖွဲ့စည်းကာ မြောက်ကိုရီးယား နိုင်ငံ ကို ကျူးကျော် တိုက်ခိုက်ခဲ့ကြောင်း ပါဝင် ခဲ့သည်။

လက်ရှိချိန်တွင် အမေရိကန် နိုင်ငံ အနေဖြင့် စစ်ပွဲစတင်သူ ၏ တာဝန်ကို မခံယူလိုသဖြင့် လွတ်မြောက်ရေး အတွက်ဆောင်ရွက်သူ သို့မဟုတ် ငြိမ်းချမ်းရေး အတွက် ဆောင်ရွက်သူ အဖြစ် သရုပ်ဆောင်ကာ ဒုတိယ အကြိမ်းမြောက် ကိုရီးယား ကျွန်းစွယ် စစ်ပွဲ စတင်ရန် အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ၊ မဟာဗျူဟာ အရင်းအမြစ် အမြောက်အများကို အဆက်မပြတ် ထည့်တွင်းအသုံးပြုခဲ့ပြီး ကိုရီးယား ကျွန်းစွယ် အခြေအနေ ကို စစ်ပွဲနှုတ်ခမ်းကို ရောက်ရှိအောင် ပို့ဆောင်ခဲ့ကြောင်း ဆောင်းပါးတွင် ပါဝင်ခဲ့သည်။

ထို့ပြင် ဆောင်းပါးတွင် အမေရိကန် နိုင်ငံ ၏ ရှုံးနိမ့်မှုမရှိခြင်း သမိုင်းသည် ကိုရီးယားကျွန်းစွယ် စစ်ပွဲတွင် စတင် ဖယ်ရှားခံခဲ့ရပြီးဖြစ်ကာ အမေရိကန် နိုင်ငံ အနေဖြင့် ဤသမိုင်းသင်ခန်းစာ ကို ကောင်းစွာမှတ်ယူထားရန် ၊ မြေက်ကိုရီးယား နိုင်ငံ ပြည်သူလူထု တို့၏ ရန်သူကို အတူတကွ တိုက်ပွဲဝင်မည့် စိတ်ဓာတ် နှင့် ကျူးကျော်သူတို့ကို ခိုင်မြဲစွာ ခုခံကာကွယ်မည့် သဘောထားကို အထင်မသေးရန် စသည် တို့ပါဝင် ခဲ့သည်။

၁၉၅၀ ခုနှစ် ဇွန်လ ၂၅ ရက်နေ့တွင် ကိုရီးယားကျွန်းစွယ် စစ်ပွဲ စတင်ဖြစ်ပွား ခဲ့သည်။ ၁၉၅၃ ခုနှစ် ဇူလိုင် ၂၇ ရက်နေ့တွင် တိုက်ပွဲ ဖြစ်ပွားသည့် နှစ်ဘက်တို့မှ စစ်ပြေငြိမ်းရေး သဘောတူညီမှု စာချုပ်ကိုချုပ်ဆိုခဲ့ကြသည်။ မြောက်ကိုရိးယား နိုင်ငံ သည် ဇူလိုင် ၂၇ ရက်နေ့ ကို မြောက်ကိုရီးယား နိုင်ငံ ၏ လွတ်မြောက်ရေး တိုက်ပွဲ အောင်မြင်မှု အထိမ်းအမှတ် နေ့ အဖြစ် သတ်မှတ်ထားကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.