Politics, Law & Military
ဧရာဝတီမြစ်အတွင်းမှ တရားမဝင် ကျွန်းသစ် ၁၃၉ တန် ဖမ်းဆီးရမိ
ရန်ကုန်၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)
ဧရာဝတီမြစ်ကြောင်း သစ်ခိုးထုတ်မှု စစ်ဆင်ရေးကို စစ်ကိုင်းတိုင်း ဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက်ရာ ငါးရက်အတွင်း ကျွန်းသစ် ၁၃၉ တန်ဖမ်းဆီးရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
အဆိုပါ သစ်ခိုးထုတ်မှုအား ဖမ်းဆီးရာ ဇူလိုင် ၂၁ ရက်မှ ဇူလိုင်၂၆ ရက်အထိ ဧရာဝတီမြစ် အတွင်းမှ ကျွန်း ၁၂၆ တန်၊ ရွှေလီမြစ် အတွင်းမှ ကျွန်း ၁၃ တန်နှင့် သစ်မာ ခုနစ်တန်ခန့် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသော သစ်များသည် ဧရာဝတီမြစ် အထက်ပိုင်းနှင့် ရွှေလီမြစ်မှ ဧရာဝတီ အတွင်း ဝင်လာသည့်သစ်များဖြစ်ပြီး သစ်သယ်သူတို့သဘာဝသည် နေ့ဘက်တွင်မြစ်ကြောင်းထဲမှ မသွား ဘဲ ညဘက်မှ အမှောင်ရိပ်ခို၍သွားလာ လှုပ်ရှားကြခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)