Connect with us

Local

မဟာမဲခေါင်ဒေသခွဲ ပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်င ံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမို ကောင်းမွန်စေရန် အခွင့်အလမ်းများစွာ ဖြစ်စေနိုင်ဟု ဒုတိယ သမ္မတဆို

ဒုတိယ သမ္မတ ဦးဥာဏ်ထွန်းမှ အကြိမ် (၂ဝ) မြောက် မဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေးတွင် မိန်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

မဟာမဲခေါင်ဒေသခွဲ (GMS) ပူးပေါင်း ဆောင်ရွက်မှုသည် မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ပိုမိုကောင်းမွန် စေရန် အခွင့်အလမ်းများစွာ ဖြစ်စေနိုင်ပြီး၊ စီးပွားရေး ချိတ်ဆက် ဆောင်ရွက်မှုများ ပိုမို ခိုင်မာစေခြင်း အားဖြင့် ပြည်တွင်း စိန်ခေါ်မှုများကို GMS ဖွံ့ဖြိုးမှု အခွင့်အလမ်းများ အဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း ယနေ့ နေပြည်တော်တွင် ကျင်းပသည့် အကြိမ် (၂ဝ) မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဝန်ကြီးများအဆင့် အစည်းအဝေး အဖွင့်မိန့်ခွန်း တွင် ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ပြောကြားခဲ့သည်။

မဟာမဲခေါင်ဒေသခွဲသည် အာဆီယံ စီးပွားရေး၏ အရေးကြီးပြီး မဟာဗျူဟာ ကျသော အခန်းကဏ္ဍ တွင် ဆက်လက် ပါဝင်နေမည်မှာ အသေအချာ ဖြစ်ကြောင်းလည်း ဒုတိယသမ္မတက ပြောကြား ခဲ့သည်။

မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် သည် လွန်စွာ အရေးကြီးပြီး မြန်မာနိုင်ငံ အနေဖြင့်လည်း ရေရှည် ဖွံ့ဖြိုးမှု အတွက် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ ဈေးကွက်များနှင့် ပေါင်းစည်းရေး အတွက် ပိုမိုလုပ်ဆောင် လျက်ရှိကြောင်း၊ ထိုသို့ လုပ်ဆောင်ရာတွင် အထူး စီးပွားရေး ဇုန်များက အဓိက အခန်းကဏ္ဍတွင် ပါဝင်လာမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အကြိမ် (၂ဝ) မြောက် မဲခေါင်ဒေသခွဲ ထိပ်သီး အစည်းအဝေး (ဆင်ဟွာ)

ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းနှင့် အစည်းအဝေး တက်ရောက်လာသူများ အမှတ်တရ ဓာတ်ပုံ ရိုက်စဉ် (ဆင်ဟွာ)

မဲခေါင်မြစ်ကို ဖြတ်၍ မြန်မာ-လာအို ချစ်ကြည်ရေးတံတား တည်ဆောက်နိုင်ခဲ့ ခြင်းနှင့် အရှေ့- အနောက် စီးပွားရေးစကြံ ၤ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့် မဟာမဲခေါင်ဒေသခွဲ အတွင်းရှိ အာရှလမ်းမသစ်ကြီးအား ဖွင့်လှစ်နိုင်ခဲ့ ခြင်းတို့သည် GMS ၏ ဦးစားပေး ဆောင်ရွက်ချက်များ ဖြစ်သည့် ကုန်သွယ်ရေးနှင့် သယ်ယူ ပို့ဆောင်ရေး အဆင်ပြေ ချောမွေ့စေရေး တို့တွင် များစွာ အထောက်အကူ ပြုကြောင်း ပြောကြားခဲ့သည်။

GMS ခေါင်းဆောင်များမှလည်း ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များ၌ ဦးစားပေး လုပ်ငန်း ကဏ္ဍများဖြစ်သည့် သယ်ယူ ပို့ဆောင်ရေး၊ စွမ်းအင်၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ လယ်ယာ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင် နှင့် သဘာဝ အရင်းအမြစ်၊ ခရီးသွား လုပ်ငန်း၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ကုန်သွယ်မှု အဆင်ပြေ ချောမွေ့ရေး နှင့် မြို့ပြ ဖွံ့ဖြိုးရေး ကဏ္ဍများ တွင် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

အကြိမ် (၂ဝ) မြောက် မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးများအဆင့် အစည်းအဝေး ၏ ခေါင်းစဉ်မှာ “ မဲခေါင် ဒေသတွင်း နိုင်ငံများ အားလုံး ပါဝင်သော ရေရှည် တည်တံ့သည့် ဖွံ့ဖြိုး တိုးတက်မှု ရစေရေး” ဖြစ်ပြီး အစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက် မှာ မဲခေါင်ဒေသခွဲ ဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မူဘောင်များ အကောင်အထည်ဖော်မှု အစီအစဉ်၏ တိုးတက်မှု လုပ်ငန်းစဉ်များကို ပြန်လည် ဆန်းစစ်ရန်၊ GMS ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍများမှ အသေးစိတ် ရလဒ်များ၊ သဘော တူညီချက်များ နှင့် အကြံပြုထားချက် များကို ပြန်လည် ဆန်းစစ်တင်ပြရန်၊ GMS ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်နှင့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်များ ဆိုင်ရာ စိန်ခေါ်မှုများ အခွင့်အလမ်းများ အကြောင်း ဆွေးနွေးရန် ဖြစ်သည်။

အဆိုပါ အစည်းအဝေးပွဲသ့ို မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံဖြစ်သည့် တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများမှ ဝန်ကြီးများ၊ မဲခေါင်ဒေသခွဲ အထူး အရာရှိကြီးများ၊ အခြားသက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများနှင့် အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)မှ တာဝန်ရှိသူများ၊ ပုဂ္ဂလိကကဏ္ဍ အထူးသဖြင့် မဲခေါင်ဒေသခွဲ စီးပွားရေးဖိုရမ်၏ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းများ၊ အခြားအရပ်ဖက် အဖွဲ့အစည်းများ တက်ရောက် ဆွေးနွေးမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117