Connect with us

Local

အရှေ့တောင်အာရှ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းအနီး ဓါတ်ငွေ့ယိုစိမ့်မှု မရှိကြောင်း သတင်း ထုတ်ပြန်

အရှေ့တောင်အာရှ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း တစ်ခု အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အရှေ့တောင် အာရှ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းအနီး ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားသည် ဆိုသည့်သတင်းမှာ မှန်ကန်ခြင်း မရှိကြောင်း စွမ်းအင် ဝန်ကြီးဌာန မှ ယနေ့ သတင်း ထုတ်ပြန်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် သီပေါမြို့နယ် အကြား၊ ကျောက်မဲမြို့နှင့် ၆ မိုင် အကွာရှိ ချောင်းခြောက်ရွာ အနီးမှ ဖြတ်သန်းသွားသော မြန်မာနိုင်ငံမှ တရုတ် နိုင်ငံသို့ တင်ပို့ ရောင်းချလျက် ရှိသော သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းမှ ၂၀၁၅ ခုနှစ် သြဂုတ်လ ၂၇ ရက်နေ့ ည ၁၁ နာရီတွင် ဓါတ်ငွေ့ ယိုစိမ့်မှုများ ဖြစ်ပေါ်လျက် ရှိသည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

အဆိုပါ သတင်းကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများမှ အခင်းဖြစ်ပွားသည့် ကျောက်မဲ-လားရှိုး ကားလမ်း မိုင်တိုင်အမှတ် (၁၁၅/၅) နှင့် (၁၅၆/၆) ကြားနေရာသို့ သွားရောက် စစ်ဆေးခဲ့ရာ စစ်ဆေးချက်များအရ ဓါတ်ငွေ့ ပိုက်လိုင်းမှ ဓါတ်ငွေ့များ ယိုစိမ့်ခြင်း မဟုတ်ကြောင်း ၊ အခင်း ဖြစ်ပွားရာ နေရာ နှင့် ပိုက်လိုင်း လမ်းကြောင်း သည် ၁၅ ပေခန့် ကွာဝေးကြောင်း၊ ဓါတုဗေဒ ပစ္စည်းဟု ယူဆရသည့် ၂.၅ ပေ ပတ်လည်ခန့် ရှိသော အထုပ်တစ်ထုပ်မှ အငွေ့များ ထွက်နေခြင်းကို စစ်ဆေး တွေ့ရှိရကြောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လိုအပ်သည့် စစ်ဆေးမှုများ သွားရောက် ပြုလုပ်လျက် ရှိကြောင်း နှင့် အရှေ့တောင် အာရှ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်းမှ ဓါတ်ငွေ့များ ပုံမှန် ပို့လွှတ်လျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.