Connect with us

Politics, Law & Military

မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေဟု တပ်မတော်ထုတ်ပြန်

ARSA အစွန်းရောက် အကြမ်းဖက်သမားများက နေအိမ်များအားမီးရှို့ဖျက်စီးစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်နေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံ၏ အဓိကမြို့ကြီးများဖြစ်သည့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်အပါအဝင် အခြားမြို့ကြီးများ၌ အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် ပြင်ဆင်လျက်ရှိကြောင်း၊ ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများ၏ မသင်္ကာဖွယ်ရာ လှုပ်ရှားမှုသတင်းများ၊ ဖောက်ခွဲရေးသုံး ပစ္စည်းများ အထူးသဖြင့် အမိုနီယမ်နိုက်ထရိတ်(ပုလဲဓာတ်မြေသြဇာ) တရားမဝင်စုဆောင်းနေမှုများကို သိရှိရပါက နီးစပ်ရာ တပ်စခန်း၊ ရဲစခန်းများနှင့် တပ်ဌာနချုပ်များသို့ အကြောင်းကြားသွားကြရန် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ်မြောက်ခြမ်း၌ ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက အကြမ်းဖက် တိုက်ခိုက်မှုများ ပြုလုပ်နေချိန်နှင့် ကုလသမဂ္ဂအထွေထွေ ညီလာခံကျင်းပရန်ရှိသည့် စက်တင်ဘာလအတွင်း အချိန်ကိုက်လျက် မြန်မာနိုင်ငံအတွင်းပိုင်းဒေသများတွင် အကြမ်းဖက်ဖောက်ခွဲတိုက်ခိုက်မှုများ လုပ်ဆောင်ရန် အကြမ်းဖက်မှုများကို အားပေးထောက်ခံသည့် ပြည်ပနိုင်ငံတစ်ခု၌စီစဉ်နေကြောင်း တပ်မတော်က ထုတ်ပြန်သော သတင်းအရ သိရသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောဒေသကို ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ ကမ္ဘာက ပိုမိုအာရုံစိုက်လာစေရန်နှင့် ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကို ထောက်ခံမှု ရရှိစေရန် ရည်ရွယ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.