Connect with us

Politics, Law & Military

Farmer Money Changer တွင် လုယက်ရန်ကြံရွယ်၍ သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသူ ၂ ဦး ရက် ၃၀ အတွင်းဖမ်းဆီးရမိ

အခင်းဖြစ်ပွားသည့်ငွေလဲကောင်တာတွင် ပြစ်မှုကျူးလွန်နေသည့် မှတ်တမ်းအားတွေ့ရစဉ် (ဓာတ်ပုံ-- Yangon Police)

ရန်ကုန်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

မရမ်းကုန်းမြို့နယ်ရှိ Farmer Money Changer တွင် လုယက်ရန်ကြံရွယ်၍ သေနတ်ဖြင့် ပစ်ဖောက်ထွက်ပြေးသူ ၂ ဦးနှင့် သေနတ်ယူဆောင်ရောင်းချပေးသူ ၂ ဦးတို့အား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရက် ၃၀ အတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ သြဂုတ်လ ၅ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ပြည်လမ်းနှင့် ယိုးဒယားလမ်းထောင့်ရှိ Farmer Money Changer ဆိုင်တွင် ဝန်ထမ်း မအိအိဝင်းအား အမျိုးသား ၂ ဦးက အမေရိကန်ဒေါ်လာ ၃၀ ကို မြန်မာငွေနှင့် လဲလှယ်ပေးရန်ပြောဆိုသဖြင့် ကျသင့်ငွေ မြန်မာငွေ ၄၀၈၀ဝ ကျပ်အတွက် ၄၁,ဝဝ၀ ကျပ်ပေးလိုက်ပြီး ပိုငွေ ၂၀ဝ ကျပ် ပြန်လည်တောင်းယူရာ အမျိုးသားတစ်ဦးက သေနတ်ထုတ်ပြပြီး ငွေလွှဲကောင်တာတံခါးဖွင့်ခိုင်းစဉ် အခြားအမျိုးသမီးဝန်ထမ်းတစ်ဦးမှ ဆိုင်အတွင်းထွက်ပြေးသွားသဖြင့် သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ဆိုင်အတွင်းရှိ ဘုရားပန်းချီကားကိုထိမှန်ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသား ၂ ဦးတို့မှာဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့ကြောင်းတိုင်တန်းချက်အရမရမ်းကုန်းမြို့မရဲစခန်း(ပ)၆၅၉/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၉၃//၁၁၄ ဖြင့် အမှုဖွင့် စုံစမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမှုမှတရားခံ ဖော်ထုတ်ရရှိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ တိုက်ရိုက်ကွပ်ကဲ အနီးကပ်ညွှန်ကြားမှုဖြင့် အမှုနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့်လုပ်ငန်းများကို အသေးစိတ်ညွှန်ကြားခဲ့ပြီး အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးပါဝင်သော အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြောင်း၊ ထိုအထူးအမှုစစ်အဖွဲ့မှ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ရာ အခင်းဖြစ်ရပ်တွင် ကျန်ရစ်ခဲ့သော သဲလွန်စအထောက်အထားအဖြစ် ၇.၆၅ ကျည်ခွံတစ်ခု၊ ကျည်ထိပ်ဖူးတစ်ခုနှင့် လက်လုပ် Silencer အပိုင်းအစဟုယူဆရသော ပစ္စည်းအပိုင်းအစများ၊ ကျည်ဆံထိမှန်ထားသော ဘုရားပုံပန်းချီကားချပ်တို့ကို တွေ့ရှိသိမ်းဆည်းခဲ့ပြီး အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်သူ ၂ ဦး၏လှုပ်ရှားမှုများကို မှတ်တမ်းတင်ထားသည့် စီစီတီဗီကင်မရာမှတ်တမ်းများ ရယူဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။အမှုစုံစမ်းဆောင်ရွက်နေစဉ် သြဂုတ်လ ၆ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် စည်ပင်သာယာဝန်ထမ်း ၂ ဦးတို့က ကမာရွတ်မြို့နယ်၊ အင်းယားကန်ဘောင်အနောက်ဘက် ကျွန်းတောစပ်ရှိ စည်ပင်အမှိုက်ပုံးအတွင်းမှ အမှိုက်များကို ကားပေါ်သို့တင်ယူစဉ် အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့်အထုပ် ၂ ထုပ်တို့ကို မသင်္ကာတွေ့ရှိကြောင်း အကြောင်းကြားသဖြင့် သွားရောက်စစ်ဆေးခဲ့ရာ 9mmK တံဆိပ်ပါ ၉ မမ စတင်းကျည်တစ်တောင့်၊ 7.65 B13 S & B တံဆိပ်ပါ ကျည်တစ်တောင့်အပါအဝင် ပစ္စည်း(၁၆)မျိုးကို တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ရှိသော ကျည် ၂ ထောင့်မှာ အခင်းဖြစ်စဉ်ကကျန်ရစ်ခဲ့သော ကျည်ဆံအခွံ၊ ကျည်ထိပ်ဖူးတို့နှင့် တိုက်ဆိုင်စစ်ဆေးနိုင်ရန် မှုခင်းရဲတပ်ဖွဲ့သို့ပေးပို့ထင်မြင်ချက်တောင်းခံခဲ့ပြီး ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသော သက်သေခံသဲလွန်စအထောက်အထားများမှတစ်ဆင့် ဆက်စပ်စုံစမ်းခဲ့ရာ ပြစ်မှုကျူးလွန်သူမှာ လှည်းကူးမြို့နယ်နေ ပြည့်ဖြိုးသူ(ခ)ပြည့်သူဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရကြောင်း၊ပြည့်ဖြိုးသူ(ခ)ပြည့်သူအား ဖမ်းဆီးရမိရေးအတွက် ၎င်းနေထိုင်သည့်နေအိမ်သို့အမှုစစ်အဖွဲ့မှသွားရောက်စုံစမ်းခဲ့ရာပြည့်ဖြိုးသူ(ခ)ပြည့်သူမှာထွက်ပြေးတိမ်းရှောင်နေကြောင်းသိရပြီး အခင်းဖြစ်စဉ်က အသုံးပြုခဲ့သည့် ဆိုင်ကယ်နှင့်ပတ်သက်၍ စုံစမ်းရရှိခဲ့ရာ ဆိုင်ကယ်ပိုင်ရှင်မှာ လှည်းကူးမြို့နယ်နေ ဇော်ဟိန်းထက်(ခ)ပဲလေး ဆိုသူဖြစ်ပြီး ၎င်း၏ပြောပြချက်အရ ပြည့်ဖြိုးသူ(ခ)ပြည့်သူက ဆိုင်ကယ်ကိုတစ်ရက်လျင်ငွေတစ်သောင်းကျပ်ဖြင့် ငှားရမ်းထားကြောင်း၊ ၎င်းဆိုင်ကယ်ကိုပြည့်ဖြိုးသူ၏သူငယ်ချင်းဖြစ်သူ သက်ထက်ထံ အပ်နှံထားရာမှပြန်လည်ယူဆောင်လာခဲ့ကြောင်းပြောပြပြီး သက်သေခံဆိုင်ကယ် Canda110အမျိုးအစားဒလက်ဘီးဆိုင်ကယ်ကိုအပ်နှံပေးခဲ့ကြောင်း၊ပြည့်ဖြိုးသူ(ခ)ပြည့်သူ၏သူငယ်ချင်းဖြစ်သူ သက်ထက်၏နေအိမ်သို့ သွားရောက်ရှာဖွေရာ အခင်းဖြစ်စဉ်က ပြစ်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော Space Crown စာတမ်းပါ ဆိုင်ကယ်စီး ဦးထုပ်တစ်လုံးကိုတွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

သက်ထက်၏ထွက်ဆိုချက်အရ လွန်ခဲ့သောတစ်လကျော်ခန့်ကပြည့်ဖြိုးသူနှင့်အတူ မှော်ဘီမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ တွင်ခုံတွင်သွားရောက်ပြီး တွင်ခုံပိုင်ရှင်၏သားဖြစ်သူရဲလေးထံတွင် အင်တာနက်ပါလေသေနတ် ကျည်ဆံပုံလုပ်ရန်အတွက် မို(ပုံစံခွက်)လုပ်ပေးရန်အပ်နှံခဲ့ဖူးကြောင်းသိရှိရသဖြင့်အတည်ပြုစုံစမ်းခဲ့ရာသေနတ်ကျည်ဆံပုံစံလုပ်ရန်အပ်နှံထားသော်လည်း ပုံစံခွက်ပြုလုပ်ပေးရခြင်းမရှိသေးကြောင်းသိရပါသည်။

ရရှိသည့် သတင်းအချက်အလက်များအပေါ် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက သုံးသပ်ပြီး ညွှန်ကြားချက်အရ သိမ်းဆည်းရမိသည့် ဆိုင်ကယ်စီးဦးထုပ်မှာ စီစီတီဗီမှတ်တမ်းတွင်တွေ့ရှိရသည့် ဦးထုပ် ဟုတ်/မဟုတ် တိုက်ဆိုင်စစ်ဆေးခဲ့ရာ ကိုက်ညီမှုကြောင်းတွေ့ရှိရသည့်အပြင်ဇော်ဟိန်းထက်(ခ)ပဲလေးနှင့် သက်ထက်တို့အား အခင်းဖြစ်မှတ်တမ်းဓာတ်ပုံများ၊ အခင်းဖြစ်စဉ်ကအသုံးပြုသည့် မော်တော်ဆိုင်ကယ်နှင့် ဆိုင်ကယ်စီး ဦးထုပ်တို့အားပြသပြီး တိုက်ဆိုင်စစ်ဆေးခဲ့ရာ စီစီတီဗီမှတ်တမ်းဓာတ်ပုံအရ သေနတ်ကိုင်ဆောင်သူမှာ ပြည့်ဖြိုးသူဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးသူအား ဖမ်းဆီးရမိရေးအတွက် ၎င်းနေထိုင်သည့် လှည်းကူးမြို့နယ် သို့ သွားရောက်စုံစမ်းခဲ့ရာပြည့်ဖြိုးသူမှာ နေအိမ်တွင်မရှိဘဲ မကွေးမြို့သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်း စုံစမ်းသိရှိရသဖြင့် အမှုစစ်အဖွဲ့မှ မကွေးမြို့သို့ သွားရောက်စုံစမ်းခဲ့ရာ ပြည့်ဖြိုးသူမှာ ၇.၈.၂၀၁၇ ရက်နေ့ ၁၂၃၀ အချိန်တွင် မကွေးမြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဂုဏ်တည်းခိုခန်းတွင်ရောက်ရှိ တည်းခိုနေထိုင်ပြီး ၁၅၃၀ အချိန်ခန့်တွင် အမျိုးသားတစ်ဦးမှ လာရောက်ခေါ်ဆောင်သွားကြောင်းသိရပါသည်။ ဆက်လက်စုံစမ်းခဲ့ရာ ပြည့်ဖြိုးသူ(ခ)ပြည့်သူမှာ ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင်ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် အမှုစစ်အဖွဲ့မှ ဖားကန့်သို့ ဆက်လက်သွားရောက်ရှာဖွေဖမ်းဆီးခဲ့ရာ ၃၀.၈.၂၀၁၇ ရက်နေ့ ၁၀း၃၀ အချိန်တွင် ပြည့်ဖြိုးသူ(ခ)ပြည့်သူ(၂၆)နှစ်အား ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု(ဆိုင်းတောင်)၊ ဘဇာချောင်းကျေးရွာရှိ ကျောက်စိမ်းမြေစာပုံအနီးရှိ ပျံကျအလုပ်သမားတဲအတွင်းမှ ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

ဖမ်းဆီးရမိသူ ပြည့်ဖြိုးသူ(ခ)ပြည့်သူ၏ ထွက်ဆိုချက်အရ ၎င်းနှင့်အတူ ပါဝင်ကျူးလွန်သူမှာ မကွေးမြို့တွင်နေထိုင်သူကျော်ကျော်ခိုင်(ခ)ကျော်ခိုင်(ခ)ကောင်းကောင်းဖြစ်ကြောင်းနှင့် ပြစ်မှုကျူးလွန်စဉ်က အသုံးပြုသည့် သေနတ်ကို အခင်းမဖြစ်မီ ဇူလှိုင်လ ၂၈ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းတောင်ရပ်ကွက်နေ စောမြတ်သူ(ခ)မြတ်သူအား ဝယ်ယူခိုင်းခဲ့ကြောင်း၊ ပစ္စတိုသေနတ် ၁ လက်နှင့် ကျည် ၁၄ တောင့်ကို ထိုင်းဘတ်ငွေ ၃၂၀ဝဝ၊ (မြန်မာငွေကျပ် ၁၃၈၀ဝဝဝ)ဖြင့် ဝယ်ယူပေးခဲ့ကြောင်း၊ ဝယ်ယူလာသည့် ပစ္စတိုသေနတ်အသုံးပြုရာတွင် အသံမမြည်စေရန် Facebook မှ ကူးယူထားသော အသံတိတ်ကိရိယာပြုလုပ်နည်း ပုံစံအတိုင်း သံပိုက်ဖြင့်ပြုလုပ်ခဲ့ကြောင်းထွက်ဆိုသည့်အပြင် အဆိုပါသေနတ်ကို ကျော်ကျော်ခိုင်ထံ အပ်နှံထားခဲ့ကြောင်းသိရှိရသဖြင့် အမှုစစ်အဖွဲ့မှ မကွေးမြို့သို့သွားရောက်ခဲ့ပြီး မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ၄.၉.၂၀၁၇ ရက်နေ့ ဝ၉၄၅ အချိန်တွင် ကျော်ကျော်ခိုင်(ခ)ကျော်ခိုင်(ခ)ကောင်းကောင်း(၃၀)နှစ်အား မကွေးမြို့၊ အဝေးပြေးကားကြီးဝင်းအတွင်းရှိ ရွှေပွင့်ဖြူ စားသောက်ဆိုင်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျော်ကျော်ခိုင်၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်စဉ်က အသုံးပြုသည့်သေနတ်မှာ မကွေးမြို့၊ မြို့ဟောင်း ၄ ရပ်ကွက်၊ စံပယ်လမ်းရှိ ရေမရှိသောရေမြောင်းအတွင်းတွင် ကြွပ်ကြွပ်အိတ်နှစ်လုံးဖြင့် ထည့်၍ဝှက်သိမ်းထားကြောင်း ထွက်ဆိုသဖြင့် သွားရောက်ရှာဖွေသိမ်းဆည်းရာ အဆိုပါနေရာတွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်၍ဝှက်သိမ်းထားသော လက်လုပ်အသံတိတ်ကိရိယာတပ်ဆင်လျက် Made in W.Germany WAITHER CARL WALTHER Waffen Fabrik Uln/80 Model PP. Cal 7.65 MM စာသားပါ စတီး/အနက်ရောင်စပ် .၃၂ ပစ္စတိုသေနတ် ၁ လက်နှင့် ၎င်းကျည်အိမ် ၁ ခု၊ 7.65 ကျည် ၄ တောင့်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။

သေနတ်ဝယ်ပေးသူ စောမြတ်သူ(ခ)မြတ်သူအား ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ရာ ၅.၉.၂၀၁၇ ရက်နေ့ ၁၂၄၅ အချိန်တွင် ထားဝယ်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက စောမြတ်သူ(ခ)မြတ်သူ၊ (၂၇)နှစ်နှင့် သေနတ်ဝယ်ရာတွင် လိုက်ပါသူ မင်းမင်း(ခ)မင်းဟန်၊ (၃၆)နှစ်တို့နှစ်ဦးအား တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းတောင်ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊သိရသည်။

ပြစ်မှုကျူးလွန်သူများ၏ ထွက်ဆိုချက်များအရ ပြစ်မှုကျူးလွန်ရသည့် အကြောင်းအရင်းမှာ ပြည့်ဖြိုးသူ(ခ)ပြည့်သူ(ခ)ကိုပြည့်သည် နယ်စပ်တွင် ဆိုင်ကယ်နှင့် ဆိုင်ကယ်အပိုပစ္စည်းများ ဝယ်ယူရောင်းချရန်ငွေကြေးလိုအပ်နေသည့်အပြင် ကျော်ကျော်ခိုင်(ခ)ကျော်ခိုင်(ခ)ကောင်းကောင်းမှာလည်း ဖဲလောင်းကစားရာမှာ ရှုံးသဖြင့် ဖဲကြွေးအပါအဝင် အခြားအကြွေးငွေ ၁၂၅ သိန်းပေးဆပ်ရန်လိုအပ်နေသဖြင့် ၎င်းတို့နှစ်ယောက်ပေါင်းပြီး Money Changer ဆိုင်များမှ ငွေများလုယက်ရန်စီစဉ်ခဲ့ရာ ကျောက်တံတားမြို့နယ်ရှိ OK ZWE Money Changer အား လုယက်ရန်စီစဉ်ခဲ့သော်လည်း လူစည်ကားသဖြင့် လုယက်ခဲ့ခြင်းမရှိခဲ့ဘဲ လုယက်မှုကျူးလွန်ရန်လွယ်ကူသော မရမ်းကုန်းမြို့နယ်၊ ၉ မိုင် အိုရှင်စင်တာရှေ့ရှိ Farmer Money Changer ဆိုင်မှငွေများ လုယက်ရန် ကြံစည်ခဲ့ကြောင်း၊ပြစ်မှုကျူးလွန်သူများကို လက်နက်ဥပဒေဖြင့်ပါ ထပ်မံအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှုးရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117