Connect with us

Europe

အီတလီဂန္တဝင်ဘောလုံးအကျော်အမော် ပီယာလို ဘောလုံးလောကမှ အနားယူ


မီလန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

အီတလီနိုင်ငံ၏ ဂန္တဝင်ဘောလုံးအကျော်အမော် ပီယာလို ( Pirlo) သည် ဘောလုံးအားကစားသမားဘဝမှ တရားဝင် အနားယူသွားပြီဖြစ်ကြောင်း သိရသည်။ အသက် ၃၈ နှစ်အရွယ်ရှိ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမားဟောင်းသည် ၂ဝဝ၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော အီတလီအသင်း၌ ပါဝင်ခြေစွမ်းပြခဲ့သည်။

အီတလီနိုင်ငံ၏ ဂန္တဝင်ဘောလုံးအကျော်အမော် ပီယာလိုအားတွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ၎င်းသည် ကမ္ဘာကျော် အေစီမီလန်ဘောလုံးကလပ်အသင်း နှင့်အတူ ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲတွင် နှစ်ကြိမ်တိုင် ချန်ပီယံဖြစ်ခဲ့ဖူးကြောင်း သိရသည်။(Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117