Connect with us

Latin America

ကနေဒါနိုင်ငံ၏ အကြီးဆုံးမြို့တော် တိုရွန်တို၌ ပစ်ခတ်မှုဖြစ်ပွား၊ သုံးဦးသေဆုံး

တိုရွန်တို၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ၏ အကြီးဆုံးမြို့တော် တိုရွန်တိုတွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပစ်ခတ်သူအပါအဝင် လူသုံးဦး ဇွန် ၁၆ ရက်က သေဆုံးခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များသသည် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၂၅ မိနစ်တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းပေးပို့ချက်ရရှိပြီးနောက် ဒွန်မေးလ်ဧရိယာရှိ ရုံးအဆောက်အအုံသို့ ရောက်ရှိလာခဲ့ကြောင်း ဒေသမီဒီယာများက ဖော်ပြသည်။
အခင်းဖြစ်ပွားရာနေရာတွင် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးလျက်ရှိသည်ကို တွေ့ရှိခဲ့ရပြီး အမျိုးသားနှစ်ဦးအနက် တစ်ဦးမှာ သေနတ်သမားဖြစ်ကြောင်း ရဲတပ်ဖွဲ့က ခွဲခြားအတည်ပြုခဲ့သည်။
ထို့ပြင် သေနတ်ပစ်ခတ်မှုမဖြစ်ခင်အငြင်းပွားမှုဖြစ်ပွား ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ယူဆထားသည်။

ရဲတပ်ဖွဲ့က ပစ်ခတ်မှုကို စုံစမ်းစစ်ဆေးနေချိန်တွင် အခင်းဖြစ်ပွားရာနေရာအနီးရှိ နေ့ကလေးထိန်းကျောင်းနှင့် မူလတန်းကျောင်းကို ပိတ်ထားခဲ့သည်။ ဒေသစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ကလေးများအားလုံး မိဘများထံ ပြန်သွားကြသည်ဟု စီဘီစီသတင်းတွင် ဖော်ပြထားသည်။ (Xinhua)

………………………………………
(English Version)
3 dead in Toronto office building shooting
OTTAWA, June 17 (Xinhua) — Three people, including the shooter, died on Monday following a shooting incident in Toronto, the largest city in Canada.
According to local media, police were called to an office building in the Don Mills area for reports of gunshots at approximately 3:25 p.m. local time (1925 GMT) on Monday.
Two men and a woman were found dead at the scene, with one of the men identified as the shooter, said the police, adding that they believe an altercation took place before the shooting.
A daycare center and an elementary school located near the scene were placed in lockdown as police investigated the shooting. By 6:30 p.m. local time (2230 GMT) Monday, all children from the two facilities had been returned to their parents, CBC News reported. ■