Connect with us

Culture & Entertainment

မြန်မာနိုင်ငံတစ်ဝန်းရှိ မျိုးသုဉ်းလုနီးပါး လိပ်ကောင်ရေ ၁,၀၀၀ ကျော်ကို ကာကွယ်စောင့်ရှောက်

မျိုးသုဉ်းလုနီးပါးရှိသော လိပ်ကောင်ရေများအား ထိန်းသိမ်းစောင့်ရှောက်ထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ- MRTV)

ရန်ကုန်၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတစ်ဝန်းတွင် မျိုးသုဉ်းလုနီးပါးရှိသော လိပ်ကောင်ရေ ၁,၀၀၀ ကျော်ကို အကာအကွယ်ပေးထားကြောင်း နိုင်ငံပိုင်မီဒီယာများက ယနေ့ (ဇူလိုင် ၂ ရက်)ထုတ်ပြန်သော သတင်းအရ သိရသည်။

မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည့် အဆိုပါလိပ်များသည် စစ်ကိုင်းတိုင်း ခန္တီးမြို့နယ် လင်းဖာကျေးရွာအနီး ချင်းတွင်းမြစ်တွင် နေထိုင်ကြောင်း သိရသည်။

အဆိုပါ လိပ်များကို ချင်းတွင်းမြစ်အတွင်း လှောင်အိမ်များတွင် ထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်စဉ် လိပ်အကောင်ရေ ၂၀၀ ကျော် လွှတ်ပေးခဲ့ကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနနှင့် အထက်ချင်းတွင်း NGO တို့သည် အဆိုပါ လိပ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

မြန်မာ့လိပ်များကို ရတနာပုံတိရစ္ဆာန်ဥယျာဉ်၊ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်နှင့် လောကနန္ဒာ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတို့တွင် မြင်တွေ့နိုင်ကြောင်း သိရသည်။

အဆိုပါလိပ်များသည် ၎င်းတို့၏အခွံပေါ်ရှိ အစင်းကြောင်းများအလိုက် အသက်အရွယ်အလိုက် အနှစ် ၆၀ မှ ၁၀၀ ကြား အသက်ရှင်နိုင်သည်။ (Xinhua)

မျိုးသုဉ်းလုနီးပါးရှိသော လိပ်ကောင်ရေများအား ထိန်းသိမ်းစောင့်ရှောက်ထားမှုအားတွေ့ရစဉ် (ဓာတ်ပုံ- MRTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.