Connect with us

Latin America

ရီယိုဒီဂျနေးရိုး ဆင်းရဲသားရပ်ကွက်တွင် ရဲနှင့် ပစ်ခတ်မှုဖြစ်ပြီးနောက် လူ ၇ ဦး သေဆုံး

ဘရာဇီးနိုင်ငံ ရီိယိုဒီဂျနေးရိုးမြို့တွင် တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့ရှိ ဆိပ်ကမ်းနယ်မြေတွင် နိုဝင်ဘာလ ၂၅ ရက်က ရဲတပ်ဖွဲ့နှင့် မူးယစ်ဂိုဏ် တစ်ခုတို့အကြား တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ မူးယစ်ကုန်ကူးများအဖြစ် သံသယရှိသူ ၇ ဦး သေဆုံးခဲ့ကြောင်း တရားဝင် သတင်းရင်းမြစ်များက ကြေညာလိုက်သည်။

အခင်းဖြစ်ပွားရာနေရာသည် ရီယိုဒီဂျနေးရိုး ဆိပ်ကမ်းအနီး Caju ဆင်းရဲသားရပ်ကွက်အတွင်းဖြစ်ပြီး မူးယစ်ဂိုဏ်းတစ်ခုက ပြိုင်ဘက် အုပ်စု တစ်စု ထိန်းချုပ်ထားသော နယ်မြေအတွင်း ဝင်ရောက်ကာ မူးယစ်ဆေးဝါး ရောင်းဝယ်ရန် ကြိုးစားခဲ့သဖြင့် ပစ်ခတ် တိုက်ခိုက်မှုကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သတင်းပေးချက်အရ အခင်းဖြစ်ပွားရာ နေရာသို့ စစ်ဘက်ဆိုင်ရာ ရဲအရာရှိများ ရောက်ရှိသွားခဲ့ပြီး လက်နက်ကိုင်ဂိုဏ်း နှစ်ခုလုံးအား ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။အဆိုပါ ပစ်ခတ်မှုအတွင်း လူ ၇ ဦး သေဆုံးကာ ၁၁ ဦး ဖမ်းဆီးမိခဲ့ပြီး လက်နက် ၁၄ လက်၊ ယမ်း ၃၇ ခု၊ ခဲယမ်းမီးကျောက် ၇၉၀ ခု၊ လက်ပစ်ဗုံး ၄ လုံး၊ ရေဒီယို ဆက်သွယ်ရေး ၂ ခုနှင့် ကျည်ကာအကျီ ၤများ သိမ်းဆည်းမိခဲ့သည်။

ယခုနှစ်အတွင်း ထိုပြည်နယ်အတွင်း စီးပွားရေး ကျဆင်းမှုကြောင့် ရီယိုဒီဂျနေးရိုးတွင် အကြမ်းဖက်မှုများ များပြားလာခဲ့သည်။ဘရာဇီးနိုင်ငံ၏ ခရီးသွားဧည့်သည် လာရောက်မှုများသော အဆိုပါ ပြည်နယ်၌ ၂၀၁၇ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်နေစဉ် အသတ်ခံခဲ့သော ရဲအရာရှိ ၁၂၀ အပါအဝင် လူသတ်မှု ၄၀၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ဘရာဇီးနိုင်ငံ သမ္မတ မစ်ချယ်တီမာသည် အကြမ်းဖက်မှုအား ထိန်းချုပ်ရန် ရဲတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ရီယိုဒီဂျနေးရိုးမြို့သို့ စေလွှတ်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117