Connect with us

China

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့(SCO)နိုင်ငံများ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ဖွင့်လှစ်၊ သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာအား ရှန်ယွဲ့ယွဲ့ ဖတ်ကြား

ချင်းသောင်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့(SCO)နိုင်ငံများ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ်ကို ဇူလိုင် ၈ ရက်တွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့၌ ဖွင့်လှစ်ခဲ့သည်။ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) ဒုတိယ ဥက္ကဋ္ဌ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အိမ်နီးချင်းကောင်းချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ရှန်ယွဲ့ယွဲ့က သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုသဝဏ်လွှာကို ဖတ်ကြားပြီး အမှာစကားပြောကြားခဲ့သည်။

ရှန်ယွဲ့ယွဲ့က သမ္မတ ရှီကျင့်ဖိန်၏ ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာတွင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ (SCO) နိုင်ငံများ သွေးစည်း ညီညွတ်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ယဉ်ကျေးမှု အပြန်အလှန် သင်ယူလေ့လာမှုအပေါ် အထူးအလေးထားခြင်းကို ပေါ်လွင်စေသလို SCO အဖွဲ့ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး နက်ရှိုင်းစေရန်၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်စေရန် တရုတ်နိုင်ငံ၏ ဉာဏ်ပညာကို ပံ့ပိုးပေးကြောင်း ပြောကြားခဲ့သည်။

ဤဖိုရမ်သည် တရုတ်နိုင်ငံက အလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံအနေဖြင့် ကျင်းပသည့် ပထမဆုံးသော အဆင့်မြင့် လှုပ်ရှားမှုဖြစ်ကြောင်း ရှန်ယွဲ့ယွဲ့က ပြောကြားခဲ့သည်။ မိမိတို့အနေဖြင့် အက်စ်တာနာ ထိပ်သီးအစည်းအဝေး နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရမည် ဖြစ်ပြီး “ရှန်ဟိုင်း စိတ်ဓာတ်”ကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ ပြည်သူဗဟိုပြုမှု၊ ဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် အကျိုးစီးပွားမြှင့်တင်ရေးကို ခိုင်မာစွာ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဂေဟယဉ်ကျေးမှုကို ခိုင်မာစွာ လက်ကိုင်ထား၍ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေး ဝါဒကို လက်ကိုင်ထား၍ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းအင်အားကို စုစည်းရမည် ဖြစ်ကြောင်း၊ တံခါးဖွင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစွာ လက်ကိုင်ထား၍ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေး ရလဒ်များကို အတူမျှဝေခံစားရမည် ဖြစ်သလို ပိုမို နီးကပ်သော SCO အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူ တည်ဆောက်ရမည် ဖြစ်ကြောင်း ရှန်ယွဲ့ယွဲ့က ပြောကြားခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
上海合作组织国家绿色发展论坛开幕  沈跃跃宣读习近平主席贺信

新华社青岛7月8日电(记者王凯)上海合作组织国家绿色发展论坛8日在山东青岛开幕。全国政协副主席、上合组织睦邻友好合作委员会主席沈跃跃宣读习近平主席贺信并发表主旨讲话。
沈跃跃表示,习近平主席向论坛致贺信充分体现对上合组织国家团结协作、文明互鉴的高度重视,为深化上合组织各方绿色发展领域交流合作、促进可持续发展贡献了中国智慧。
沈跃跃表示,本次论坛是中方作为轮值主席国举办的首场高级别活动。我们要落实阿斯塔纳峰会元首共识,弘扬“上海精神”,坚持以人为本,提升生态环境福祉;坚持生态文明,增强绿色发展动力;坚持多边主义,凝聚绿色发展合力;坚持开放合作,共享绿色发展成果,共建更加紧密的上合组织命运共同体。(完)