Connect with us

China

တရုတ်-လာအို ရထားလမ်းက သစ်သီးဝလံသယ်ယူပို့ဆောင်ရေးကို အဆင်ပြေချောမွေ့စေ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Wangjiaying West ဘူတာမှ ထွက်ခွာလာသော ရှန်ဟိုင်း-ကူမင်း လန်ချန်း-မဲခေါင်အဝေးပြေးလမ်း၏ ပထမဆုံးကုန်တင်ရထားကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
တရုတ်-လာအိုရထားလမ်းက ယခုနှစ် ဇူလိုင် ၁၁ ရက်အထိ သစ်သီးဝလံ တန်ချိန် ၁၀၀,၀၀၀ ကျော် သယ်ယူပို့ဆောင်ခဲ့ရာ ယမန်နှစ် အလားတူကာလထက် ၁၂၀ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း ဒေသတွင်းရထားလုပ်ငန်းအာဏာပိုင်များက ပြောခဲ့သည်။
ထိုင်းနိုင်ငံမှ ဒူးရင်းသီး ၁၀၈ တန်ကို တရုတ်-လာအိုရထားလမ်းမှတစ်ဆင့် သယ်ဆောင်လာသော ရထားသည် ဇူလိုင် ၁၁ ရက်က ကူမင်း Hongyun နိုင်ငံတကာ ထောက်ပံ့သယ်ပို့ဆိပ်ကမ်း၌ ကုန်ပစ္စည်းများချခဲ့ရာ ပို့ဆောင်ခဲ့သော ကုန်ပစ္စည်းတန်ချိန် ၁၀၀,၀၀၀ ကျော်လွန်သွားပြီဖြစ်သည်။ ဗီယင်ကျန်းမြို့ တောင်ပိုင်းဘူတာရုံမှ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းသို့ အဆိုပါ ကုန်စည်များ ရောက်ရှိရန် အချိန် ၂၉ နာရီသာကြာမြင့်ကြောင်း တရုတ်နိုင်ငံ ရထားလုပ်ငန်း ကူမင်းဗျူရိုဂရု (ပ်) ကုမ္ပဏီလီမိတက်က ဆိုသည်။
#China #Laos #Railway #Fruit #Transport #တရုတ် #လာအို #ရထားလုပ်ငန်း #သစ်သီးဝလံ #သယ်ယူပို့ဆောင်
……………………………………..
(English Version)
China-Laos Railway facilitates fruit transport
KUNMING, July 11 (Xinhua) — The China-Laos Railway has transported more than 100,000 tonnes of fruits this year as of Thursday, an increase of around 120 percent year on year, local railway authorities said.
On Thursday, a batch of 108 tonnes of durians from Thailand transported via the China-Laos Railway was unloaded at Kunming Hongyun international logistics port, surpassing the 100,000-tonne mark. It took only 29 hours for this batch of goods to reach the unloading area in Kunming, capital of southwest China’s Yunnan Province, from the Vientiane south railway station, said China Railway Kunming Bureau Group Co., Ltd.
Photo: This aerial photo taken on Oct. 8, 2023 shows the 1st freight train of Shanghai-Kunming Lancang-Mekong Express leaving Wangjiaying West Station in Kunming, southwest China’s Yunnan Province. (Xinhua/Hu Chao)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.