Connect with us

China

ရုရှား သမ္မတ ပူတင်၏ တရုတ်နိုင်ငံခရီးစဉ် အစီအစဉ်အား တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မိတ်ဆက်ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ လာရောက်၍ ၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ထိပ်သီးအစည်းအဝေး၊ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနား တက်ရောက်သည့် ရုရှားနိုင်ငံ သမ္မတ ပူတင်တို့ တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံ သမ္မတ ပူတင်သည် မေ ၁၉ ရက်မှ မေ ၂၀ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် လာရောက်မည်ဖြစ်သည်။ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက မေ ၁၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပူတင်၏ ယခုအကြိမ် ခရီးစဉ် အစီအစဉ်နှင့် တရုတ်နိုင်ငံ၏ မျှော်မှန်းချက်အား မိတ်ဆက်ပြောကြားခဲ့သည်။
ကောကျားခွန်းက ယင်းသည် သမ္မတ ပူတင်၏ ၂၅ ကြိမ်မြောက် တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ခြင်း ဖြစ်မည်ဖြစ်ကြောင်း၊ ခရီးစဉ်ကာလအတွင်း နှစ်နိုင်ငံအကြီးအကဲများသည် နှစ်ဖက်ဆက်ဆံရေး၊ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် အတူတကွဂရုပြုသော နိုင်ငံတကာ ဒေသတွင်း အရေးကိစ္စများနှင့် စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
လတ်တလောနှစ်ပိုင်းတွင် သမ္မတ ရှီကျင့်ဖိန်နှင့် သမ္မတ ပူတင်၏ မဟာဗျူဟာဦးဆောင်မှုအောက်၌ တရုတ်-ရုရှား ခေတ်သစ် ဘက်စုံ မဟာဗျူဟာမြောက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးသည် ကောင်းမွန်တည်ငြိမ် နက်ရှိုင်းစွာ တိုးတက်လာခဲ့ပြီး ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် တိုးချဲ့လာခဲ့ကြောင်း၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျကျ အကျိုးစီးပွားများ သယ်ဆောင်လာပေးခဲ့သလို ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ တည်ငြိမ်မှုနှင့် နိုင်ငံတကာ တရားမျှတမှု၊ သမာသမတ်ကျမှု ကာကွယ်ထိန်းသိမ်းရန်အတွက်လည်း အရေးကြီးသော အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်ခဲ့ကြောင်း ကောကျားခွန်းက ဆိုသည်။
ယခုနှစ်သည် တရုတ်-ရုရှား မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၃၀ ပြည့်၊ “တရုတ်-ရုရှား အိမ်နီးချင်းကောင်းပီသရေးနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်” လက်မှတ်ရေးထိုးမှု ၂၅ နှစ်ပြည့် ဖြစ်သလို “တရုတ်-ရုရှား ပညာရေးနှစ်” စတင်သည့်နှစ်လည်းဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ယင်းကိုအခါအခွင့်အဖြစ် ထားရှိကာ တရုတ်-ရုရှားဆက်ဆံရေး ပိုမိုနက်ရှိုင်းသောအလွှာ၊ ပိုမိုမြင့်မားသော အဆင့်သို့ တိုးတက်ရန် ဆက်လက်တွန်းအားပေးပြီး ကမ္ဘာကြီးအတွက် ပိုမိုများပြားသော တည်ငြိမ်မှုနှင့် အပြုသဘောအင်အားများ ဖြည့်တင်းပေးသွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)

——————
(Chinese Version)
外交部发言人介绍俄罗斯总统普京访华安排
新华社北京5月18日电(记者温馨、吴梦桐)应国家主席习近平邀请,俄罗斯总统普京将于5月19日至20日对中国进行国事访问。外交部发言人郭嘉昆18日在例行记者会上介绍了普京此访安排和中方期待。
郭嘉昆说,这将是普京总统第25次到访中国。访问期间,两国元首将就双边关系、各领域合作以及共同关心的国际地区问题交换意见。
郭嘉昆表示,近年来,在习近平主席和普京总统的战略引领下,中俄新时代全面战略协作伙伴关系健康稳定深入发展,各领域合作不断拓展,为两国和两国人民带来实实在在的利益,也为维护全球战略稳定和国际公平正义作出重要贡献。
郭嘉昆说,今年是中俄战略协作伙伴关系建立30周年、《中俄睦邻友好合作条约》签署25周年,也是“中俄教育年”启动之年。双方将以此为契机,继续推动中俄关系向更深层次、更高水平发展,为世界注入更多稳定性和正能量。(完)
图说:2025年9月2日上午,国家主席习近平在北京人民大会堂同来华出席2025年上海合作组织峰会和纪念中国人民抗日战争暨世界反法西斯战争胜利80周年活动的俄罗斯总统普京举行会谈。 新华社记者 黄敬文 摄

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117