Connect with us

Europe

ရုရှားနိုင်ငံ Kaluga ဒေသတွင် Mi-28 ရဟတ်ယာဉ်ပျက်ကျ

ရုရှားနိုင်ငံ မော်စကိုဒေသတွင် ပြုလုပ်သော Army-2018 နိုင်ငံတကာ စစ်ဘက်နည်းပညာဖိုရမ်တွင် MI-28 ရဟတ်ယာဉ်ကို ၂၀၁၈ ခုနှစ် ဩဂုတ် ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ Kaluga ဒေသတွင် Mi-28 ရဟတ်ယာဉ် ပုံမှန်ပျံသန်းနေစဉ် ပျက်ကျသွားခဲ့ရာ ရဟတ်ယာဉ်ပေါ်လိုက်ပါသွားသူများ သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
ရဟတ်ယာဉ်ပျက်ကျသောနေရာမှာ လူမနေသောဧရိယာဖြစ်သဖြင့် မြေပြင်၌ အပျက်အစီးမရှိကြောင်း၊ ကနဦးတွေ့ရှိချက်အရ နည်းပညာချို့ယွင်းမှုကြောင့် ပျက်ကျရခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ဖော်ပြထားသည်။
Mi-28 ရဟတ်ယာဉ်သည် ရုရှားနိုင်ငံထုတ် လူနှစ်ယောက်စီး တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Mi-28 helicopter crashes in Russia’s Kaluga region
MOSCOW, July 25 (Xinhua) — A Russian Mi-28 helicopter crashed during a routine flight in the Kaluga region, killing its crew onboard, the Russian Ministry of Defense said in a statement on Thursday.
The crash occurred in an uninhabited area, causing no damage on the ground, the ministry said, adding that the preliminary cause of the crash appears to be a technical malfunction.
The Mi-28 helicopter is a Russian-made, twin-seat attack helicopter.
Photo: People stand by the helicopter MI-28 at the Army-2018 International Military Technical Forum held in Moscow region, Russia, on Aug. 21, 2018. (Xinhua/Evgeny Sinitsyn)