Connect with us

North America

နယူးမက္ကဆီကို အထက်တန်းကျောင်း၌ သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ သုံးဦး သေဆုံး

အမေရိကန်နိုင်ငံ နယူးမက္ကဆီကိုအထက်တန်းကျောင်း၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးအတားအဆီးပြုလုပ်ထားစဉ်(ဆင်ဟွာ)

ဟူစတန် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်တောင်ပိုင်း နယူးမက္ကဆီကိုပြည်နယ်ရှိ အထက်တန်းကျောင်းတစ်ခု၌ ဒီဇင်ဘာလ ၇ ရက်တွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားရာ သေနတ်သမားအပါအဝင် လူ ၃ ဦးသေဆုံးသွားကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

နယူးမက္ကဆီကိုပြည်နယ်မြို့တော် Albuquerque မြို့၏ အနောက်မြောက်ဘက် ၂၉ဝ ကီလိုမီတာခန့် အကွာ၌ တည်ရှိသာ Aztec အထက်တန်းကျောင်း၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုတွင် ကျောင်းသား နှစ်ဦး နှင့် သေနတ်သမားတစ်ဦးမှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း နယူးမက္ကဆီကိုပြည်နယ်ရဲတပ်ဖွဲ့(NMSP)က တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လတ်တလောတွင် အခင်းဖြစ် Aztec ကျောင်းဝင်းအတွင်း လိုအပ်သော လုံခြုံရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်းလည်း ပြောကြားခဲ့သည်။အခြားထိခိုက်ဒဏ်ရာရမှု အခြေအနေနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ချက်ချင်းထုတ်ပြန်ခဲ့ခြင်းမရှိပေ။ ပစ်ခတ်မှုကြောင့် လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်းမီဒီယာ အစောပိုင်းတွင် ဖော်ပြခဲ့သည်။သေနတ်သမား မည်သို့သေဆုံးခဲ့ရပုံ ( သို့မဟုတ်) ပစ်ခတ်မှုဖြစ်ပွားရခြင်းအကြောင်းအရင်းကို ရှင်းရှင်းလင်းလင်းမသိရှိရသေးပေ။ San Juan ခရိုင်ရဲမှူးရုံး၏ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားသော အထက်တန်းကျောင်းကို ထိန်းသိမ်းထားနိုင်ခဲ့ပြီဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။ (Xinhua)