Connect with us

Media

၁၂ ကြိမ်မြောက် လန်ချန်း-မဲခေါင်မြစ်ဝှမ်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာပွဲတော် မကြာမီ ကျင်းပမည်

ယူနန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)
၁၂ ကြိမ်မြောက် လန်ချန်း-မဲခေါင် မြစ်ဝှမ်း အမျိုးသား ယဉ်ကျေးမှုနှင့် အနုပညာပွဲတော်ကို အောက်တိုဘာ ၁ ရက်မှ စတင်ပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏားတွင် ကျင်းပမည် ဖြစ်သည်။ အဆိုပါပွဲတော်သည် ၁၉၉၂ ခုနှစ်တွင် ကျင်းပခဲ့သော လန်ချန်း-မဲခေါင် မြစ်ဝှမ်းဒေသ ခြောက်နိုင်ငံ နယ်စပ်ဒေသ ယဉ်ကျေးမှုအနုပညာပွဲတော်မှအစပြုခဲ့ခြင်း ဖြစ်ရာ နှစ်ပေါင်း ၃၀ ကျော် သမိုင်းအခြေခံနှင့် လွှမ်းမိုးမှုရှိခဲ့သည်။
ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၁ ရက်၌ ကျင်းပမည်ဖြစ်ပြီး မြန်မာ့ရိုးရာအက၊ Khon ထိုင်းရိုးရာမျက်နှာဖုံးပြဇာတ်၊ ကမ္ဘောဒီးယားအဘူဆာရို၊ ဗီယက်နမ်ရိုးရာသီချင်းများ၊ လာအိုဂန္ထဝင်သီချင်းများနှင့် အကများ၊ အခြားထူးချွန်သောပြဇာတ်များ ဖျော်ဖြေမည်ဖြစ်ရာ တစ်နိုင်ငံလျှင် အနုပညာရှင် ၂၀ ဦး ပါဝင်ကြမည် ဖြစ်သည်။
ထိုပွဲတော်တွင် အနုပညာပြပွဲ၊ ဓာတ်ပုံပြပွဲ၊ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖန်တီးမှု၊ မီးရှူးမီးပန်းပြပွဲ၊ နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားကဏ္ဍ စီးပွားရေးလုပ်ငန်း စသည့်အစီအစဉ်များလည်း ကျင်းပမည်ဖြစ်ရာ ပွဲတော်ကာလ တစ်လကြာ ကျင်းပမည်ဖြစ်သည်။ (Xinhua)
……………………………………..
(Chinese Version)
第十二届澜沧江•湄公河流域国家文化艺术节将于10月1日起在西双版纳举行,这个活动源于1992年创办的澜沧江·湄公河流域六国边境地区文化艺术节,已有30多年的历史基础和深远影响,已成为澜·湄流域各国,文化艺术交流展示与,经贸合作的重要平台。 开幕式文艺晚会将于10月1日举行,晚会上缅甸传统舞蹈,泰国孔剧,柬埔寨阿布萨罗,越南官贺民歌,老挝古典歌舞等优秀剧目奖同台展演,每个国家都有20名艺术家参加。 活动期间,还有美术展,摄影展,非遗文创集市,烟花秀,边境贸易旅游交易活动等活动,整体活动将持续一个月。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.