Connect with us

Myanmar

မြန်မာနိုင်ငံ ရေဘေးကယ်ဆယ်ရေးအတွက် ဥရောပသမဂ္ဂက ယူရို ၁.၂ သန်း ထောက်ပံ့ပေးမည်

မြန်မာနိုင်ငံ နေပြည်တော်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ ခိုလှုံနေကြသည့် ရေဘေးသင့် ပြည်သူများအား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ တိုင်ဖွန်းမုန်တိုင်း ရာဂီကြောင့် ရေဘေးဒဏ်သင့်ပြည်သူများ ကူညီရေးအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီအနေဖြင့် ယူရို ၁.၂ သန်း ခွဲဝေသတ်မှတ်ခဲ့ကြောင်း နိုင်ငံပိုင်နေ့စဉ်သတင်းစာ The Global New Light of Myanmar က ဇူလိုင် ၂၅ ရက်တွင် ဖော်ပြခဲ့သည်။
ဥရောပသမဂ္ဂသည် အရှေ့တောင်အာရှနိုင်ငံအများအပြားတွင် ဘေးဒဏ်သင့်ပြည်သူများအား ပံ့ပိုးပေးနိုင်ရေးအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီ ယူရို ၂.၂ သန်း ထောက်ပံ့ပေးအပ်ခဲ့သည်။ ယင်းတို့အနက် မြန်မာနိုင်ငံ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှုများအတွက် ယူရို ၁.၂ သန်းနှင့် ဗီယက်နမ်နိုင်ငံအတွက် ယူရို ၆၅၀,၀၀၀ ၊ ဖိလစ်ပိုင်နိုင်ငံအတွက် ယူရို ၂၀၀,၀၀၀ ၊ လာအိုနိုင်ငံအတွက် ယူရို ၁၅၀,၀၀၀ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းအထိ ရေဘေးနှင့် ဆက်စပ်သည့် ဖြစ်စဉ်များကြောင့် လူပေါင်း ၄၁၉ ဦး သေဆုံးခဲ့ကြောင်း တရားဝင်ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)
…………………………..
(English Version)
EU to provide 1.2 mln euros for Myanmar’s flood relief
YANGON, Sept. 25 (Xinhua) — The European Union (EU) has allocated up to 1.2 million euros in humanitarian aid to assist people severely impacted by Typhoon Yagi in Myanmar, the state-run daily The Global New Light of Myanmar reported on Wednesday.
The EU has provided 2.2 million euros in humanitarian aid to support people affected across several Southeast Asian countries. Of the total, up to 1.2 million euros will be for Myanmar’s humanitarian responses, 650,000 euros for Vietnam, 200,000 euros for the Philippines and 150,000 euros for Laos. In Myanmar, 419 people have died in flood-related accidents as of Tuesday morning, official data showed. Enditem
Photo – Flood-affected people take shelter at a monastery in Nay Pyi Taw, Myanmar, Sept. 16, 2024. (Str/Xinhua)