Connect with us

Media

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တောင်တရုတ်ပင်လယ်တွင် ရေကြောင်းမှ ကင်းလှည့်

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၏ တောင်ပိုင်းစစ်ဒေသကြီး၏ ရေတပ်စစ်ရေယာဉ်စု တစ်စုအား စုဖွဲ့ကာ တိုက်ပွဲအတွက် အသင့်အနေအထား ကင်းလှည့်လည်မှုကို တောင်တရုတ်ပင်လယ်၌ စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။နှစ်စဉ်ပြုလုပ်မြဲ စစ်ရေးလေ့ကျင့်မှုများ၏ အစီအစဉ်နှင့်အညီ ကင်းလှည့်မှုအား လုပ်ဆောင်ခဲ့သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် တောင်ပိုင်းစစ်‌ဒေသကြီးက ‌အောက်တိုဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ တိုက်ပွဲအတွက် အသင့်အနေအထား ကင်းလှည့်လည်ခြင်းသည် ဒေသတွင်း ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ရေးအတွက် ပူးတွဲတိုက်ခိုက်ရေးစွမ်းရည်များကို မြှင့်တင်ရန်ရည်ရွယ်ကြောင်း PLA တောင်ပိုင်းစစ်ဒေသကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ တောင်တရုတ်ပင်လယ်၌ လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်နှင့် လေယာဉ်များ ဖြတ်ကျော်ပျံသန်းခွင့်အတွက် စစ်ဘက်၊ အရပ်ဘက် သင်္ဘောများနှင့် လေယာဉ်များအဖို့ အပြည့်အဝအာမခံချက်ရှိကြောင်း စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် သုတေသန အစီရင်ခံစာအရ သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117