Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသို့မြောက်ကိုရီးယားနိုင်ငံမှ သံစုံတီးဝိုင်းသမား ၁၄ဝ ဦးစေလွှတ်ရန် သဘောတူညီ

တောင် နှင့် မြောက်ကိုရီးယား နှစ်နိုင်ငံ ကိုယ်စားလှယ်များ ဇန်နဝါရီ ၁၅ ရက်တွင် ပန်မွန်ဂျုံရွာ၌ တွေ့ ဆုံဆွေးနွေးပြီး သဘောတူစာချုပ် အပြန်အလှန် လဲလှယ်နေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

လီဝူဆန်း (Lee Woo-sung ) ဦးဆောင်သော တောင်ကိုရီးယားနိုင်ငံကိုယ်စားလှယ်အဖွဲ့နှင့်ကွမ်ဟွတ်ခ်ဘွန်း ( Kwon Hook Bong ) ဦးဆောင်သော မြောက်ကိုရီးယားနိုင်ငံ ကိုယ်စားလှယ်အဖွဲ့တို့သည် ဇန်နဝါရီလ ၁၅ ရက်တွင် နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် တောင်ကိုရီးယားနိုင်ငံ၌ မကြာမီကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ၌ ဖျော်ဖြေတင်ဆက်ရန် မြောက်ကိုရီးယားနိုင်ငံမှ သံစုံတီးဝိုင်းသမား ၁၄ဝ ဦး စေလွှတ်နိုင်ရေး နှင့်ပတ်သက်၍ သဘောတူညီခဲ့ကြကြောင်း သိရသည်။

တောင် နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်များ ဇန်နဝါရီ ၁၅ ရက်တွင် ပန်မွန်ဂျုံရွာ၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

တောင် နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံ ကိုယ်စားလှယ်များ ဇန်နဝါရီ ၁၅ ရက်တွင် ပန်မွန်ဂျုံရွာ၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များသည် သဘောတူလက်မှတ်ရေးထိုးထားသော စာရွက်စာတမ်းများကို အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောကြားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117