Connect with us

Videos

တရုတ်-လာအို မီးရထားလမ်း တစ်လိုင်းလုံး ပမာဏအကြီးမားဆုံး ထိန်းသိမ်းပြုပြင်မှု စတင်

ယူနန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ)

တရုတ်-လာအို မီးရထားလမ်း စတင်ဖွင့်လှစ်ပြေးဆွဲချိန်မှစ၍ ပမာဏအကြီးမားဆုံး ထိန်းသိမ်းပြုပြင်မှုများကို မကြာသေးမီက စတင်ခဲ့သည်။တရုတ်-လာအို နှစ်နိုင်ငံ မီးရထားဌာနများက ရထားခရီးစဉ် ကြားအားလပ်ချိန်တွင်မီးရထားလမ်းတစ်လျှောက် ပြုပြင်ထိန်းသိမ်းမှုများကို စတင်ဆောင်ရွက်ခြင်း ဖြစ်ပြီး ဤအကြိမ် ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းကို ယခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်-လာအို မီးရထားလမ်းသည် မြောက်ဘက် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှ တောင်ဘက် လာအိုနိုင်ငံ ဗီယင်ကျန်းအထိ စုစုပေါင်းအရှည် ၁၀၃၅ ကီလိုမီတာရှိသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြေးဆွဲခဲ့ချိန်မှစ၍ ခရီးသည်ပေါင်း သန်း ၄၀ ကျော်၊ ကုန်စည်တန်ချိန်ပေါင်း ၄၅ သန်းကျော် ကို သယ်ယူပို့ဆောင်ပေးခဲ့သည်။
တရုတ်-လာအို နှစ်နိုင်ငံမီးရထားဌာနများသည် ဟန်ချက်ညီညီ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဤရထားလမ်း၏ တရုတ်နိုင်ငံအပိုင်းတွင် ရထားလမ်းပြုပြင်ထိန်းသိမ်းရေး အကြီးစားစက် ၅ ခု နှင့် ကျွမ်းကျင်သည့်အော်ပရေတာ ၅၀ ကျော်ကို စေလွှတ်ထားရှိသလို လာအိုနိုင်ငံအပိုင်းတွင် ရထားလမ်းပြုပြင်ထိန်းသိမ်းရေး အကြီးစားစက် ၂ ခု နှင့် ကျွမ်းကျင်သူ ၂၄ ဦးကို စေလွှတ်ထားပါသည်။ (Xinhua)
——————————-

中老铁路全线迎来最大规模“保养”
中老铁路开通运营以来规模最大的一次“保养”近日启动。据了解,中老两国铁路部门利用列车运行间隙,开始对中老铁路全线开展养护和维修,这次养护维修将持续到12月底。
中老铁路北起中国云南昆明,南至老挝万象,全长1035公里,自2021年12月开通运营以来,累计发送旅客超过4000万人次,运输货物超过4500万吨。
中老两国铁路部门紧密协作,中国段派出5台大型养路机械和50多名专业作业人员,老挝段选派24名业务骨干,2台大型养路机械开展工作。