Connect with us

Videos

တရုတ်နိုင်ငံတွင် မွေးမြူထားသော မျက်ခုံးဖြူမျောက်လွှဲကျော် မိသားစု အဖွဲ့ဝင်သစ်တိုးလာ

ယူနန်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

မကြာသေးမီက ယူနန်ပြည်နယ် တက်ဟုန်းဒေသ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေးစင်တာတွင် ကျန်းမာသော မျက်ခုံးဖြူမျောက်လွှဲကျော်လေး တစ်ကောင်မွေးဖွားခဲ့ရာ တရုတ်နိုင်ငံ၌ မွေးမြူထားသည့် မျက်ခုံးဖြူမျောက်လွှဲကျော် မိသားစုဝင် အဖွဲ့ဝင်သစ်တိုးလာပါသည်။ ဒီမျောက်လွှဲကျော်လေးက ၎င်း၏အမေ မျောက်လွှဲကျော်မကြီး၏ ဒုတိယကလေးဖြစ်သည်။ “မော်ချို” ဟုခေါ်သော အဆိုပါ မျောက်လွှဲကျော်မကြီးကို တက်ဟုန်းဒေသ တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေးစင်တာက ၂၀၁၄ ခုနှစ်တွင် ကယ်ဆယ်မွေးမြူခဲ့ခြင်းဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာမူ ပထမဆုံး မျောက်ကလေး “ရှီဝူ” ကို မွေးဖွားခဲ့တယ်လို့ သိရတယ်။

မျက်ခုံးဖြူမျောက်လွှဲကျော်သည် တရုတ်နိုင်ငံ၏ နိုင်ငံတော် ပထမအဆင့်ကာကွယ်စောင့်ရှောက်ထားသော တောရိုင်းတိရစ္ဆာန်ဖြစ်ပါသည်။ မကြာမီနှစ်များအတွင်း တက်ဟုန်ဒေသ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးနှင့် ကယ်ဆယ်ရေးစင်တာ နည်းပညာအဖွဲ့က စံချိန်စံညွှန်းသတ်မှတ်ထားသော မွေးမြူရေးစခန်းကို တည်ထောင်ခဲ့သည်။ အကောင်တွဲပေးခြင်း၊ လှောင်အိမ်တစ်ခုတည်းထားပြီး မွေးမြူခြင်း၊ မျိုးစပ်ခြင်း၊ စောင့်ကြည့်ခြင်းနဲ့ ထိန်းသိမ်းမွေးမြူခြင်းစတဲ့ နည်းပညာများနှင့် မျက်ခုံးဖြူမျောက်လွှဲကျော် ကယ်ဆယ်ရေးနှင့် မျိုးပွားရေးကို တွန်းအားပေးဆောင်ရွက်ခဲ့ရာ လက်ရှိတွင်မူ လူ၏အကူအညီဖြင့် မွေးဖွားသည့် မျက်ခုံးဖြူမျောက်လွှဲကျော်လေး လေးကောင်အထိရှိလာပြီဖြစ်ကြောင်း သိရသည်။ (Xinhua)
#China #Yunnan #Gibbon #NewMember #တရုတ် #ယူနန် #မျောက်လွှဲကျော် #အဖွဲ့ဝင်သစ်
……………………………………..
(English Version)
中国人工繁育白眉长臂猿家族又添“新成员”
日前,云南省德宏州野生动物收容救护中心诞下一只健康的幼猿,我国人工繁育的白眉长臂猿家族又添“新成员”。
据了解,这只新生的小猿是雌性白眉长臂猿“毛球”诞下的第2个孩子。“毛球”是德宏州野生动物收容救护中心2014年收容救助的一只母猿,2021年,它曾诞下自己的第1个孩子“十五”。
白眉长臂猿是国家一级保护野生动物。近年来,德宏州野生动物收容救护中心技术团队建立标准化繁育场所,通过配对、合笼、交配、监测、保育等技术措施,推动白眉长臂猿救护繁育,目前已人工繁育4只白眉长臂猿。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.