Connect with us

Asia

ကာဇက်စတန်နိုင်ငံတွင် ဘတ်စ်ကားမီးလောင်မှုကြောင့် လူ ၅၂ ဦး သေဆုံး

ဘတ်စ်ကား တစ်စီးမီးလောင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အက်စ်တာနာ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဘတ်စ်ကား တစ်စီး ဇန်နဝါရီလ ၁၈ ရက်က မီးလောင်ကျွမ်းခဲ့ရာ အနည်းဆုံး ဥဇဘက်ကစ္စတန်နိုင်ငံသား ၅၂ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ်ဋ္ဌာန တာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းနေသည့် ဘတ်စ်ကားပေါ်မှ လွတ်မြောက်လာသူ ၅ ဦးအား ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် Aktau ဒေသတွင် ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီဝန်းကျင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဘတ်စ်ကားမီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား မသိရသေးပေ။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117