China
ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ ပေါင်းစည်း၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ခြင်း—“BRICS +” ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှ ထင်ရှား၍သင့်မြတ်သောစကားသံများ
ပေကျင်း၊ အောက်တိုဘာ ၂၅ ရက် (ဆင်ဟွာ)
“BRICS +” ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို ရုရှားနိုင်ငံ ကာဇန်မြို့၌ အောက်တိုဘာ ၂၄ ရက်က ကျင်းပခဲ့သည်။ “BRICS +” ပူးပေါင်းဆောင်ရွက်မှုပုံစံအောက်တွင် ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ လုပ်ဆောင်ရန်၊ များစွာသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဘုံအကျိုးစီးပွားကို ကာကွယ်ရန်၊ “ကမ္ဘာ့တောင်ဘက်ခြမ်း” နိုင်ငံများ၏ နိုင်ငံတကာရေးရာများတွင် ပြောဆိုပိုင်ခွင့်နှင့် ကိုယ်စားပြုမှုကို တစ်ဆင့်တိုး မြှင့်တင်ရန်၊ ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော နိုင်ငံတကာစနစ် တည်ဆောက်ရန်၊ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် မျှော်လင့်ကြောင်း တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သောနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်အများအပြားက ၎င်းတို့၏ မိန့်ခွန်းများတွင် ဖော်ပြခဲ့ကြသည်။
ရုရှားနိုင်ငံ သမ္မတ ပူတင်က BRICS အဖွဲ့ဝင်နိုင်ငံအနေဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ ကိစ္စရပ်များ တိုင်ပင်ဆွေးနွေးခြင်းသည် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သောနိုင်ငံများသည် ယဉ်ကျေးမှုအမျိုးမျိုးအပေါ် အလားတူမျှော်မှန်းချက်များ ရှိကြကြောင်း၊ အားလုံးပါဝင်နိုင်သော၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန်၊ နိုင်ငံတိုင်း၏ပြည်သူများကို အကျိုးပြုသည့်၊ ဖွံ့ဖြိုးတိုးတက်ပိုင်ခွင့်နှင့် အမျိုးသားရေး ထူးခြားကွဲပြားမှုကို လေးစားသည့် ပိုမိုသာယာသောကမ္ဘာကြီး တည်ဆောက်ရန် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံ သမ္မတ အယ်လ်-စီစီက ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ဖက်သတ်ဝါဒနှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းတိုင်ပင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ရန် လိုအပ်ပြီး ယင်းမှာ လက်ရှိကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အရေးကြီးသောနည်းလမ်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ New Development Bank နှင့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) တို့သည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများဖော်ဆောင်ရာတွင် အဆင်ပြေလွယ်ကူစေပြီး နိုင်ငံအသီးသီး၏ ငွေကြေး ထောက်ပံ့ရေးတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သလို ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးကိုလည်း ဖော်ဆောင်ခဲ့ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။
တောင်အာဖရိကနိုင်ငံ သမ္မတ ရာမာဖိုဆာက နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ကောင်းမွန်ပြည့်စုံလာအောင် အခိုင်အမာ လက်ကိုင်ထားဆောင်ရွက်ခြင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန် အရေးကြီးသော နည်းလမ်းဖြစ်ကြောင်း၊ “BRICS ပူးပေါင်းဆောင်ရွက်မှုယန္တရားနှင့် ‘BRICS+’ သည် များလှစွာသော ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့် ထွန်းသစ်စဈေးကွက်နိုင်ငံများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးသောပလက်ဖောင်းတစ်ခုဖြစ်ပြီး နိုင်ငံအသီးသီး၏ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ကြောင်း” ယူဆသည်။
ဘရာဇီးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vieira က ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရာတွင် အပြုသဘောဆောင်သော အင်အားစုဖြစ်ကြောင်း ထောက်ပြခဲ့သည်။ BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ပိုမိုတရားမျှတသောကမ္ဘာတစ်ခုကို အတူတကွ တည်ဆောက်ရန် ကြိုးပမ်းအားထုတ်ပြီး “နိုင်ငံတကာစီးပွားရေးစနစ်သစ်ကို တည်ဆောက်ရန် ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားမယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
အီသီယိုးပီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟောင်း Mesganu က ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်များကို အတူတကွ ဆွေးနွေးရန် BRICS နိုင်ငံများနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် ဆုံစည်းတွေ့ဆုံခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအနေဖြင့် အမျိုးမျိုးသော အန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းရန် သမိုင်းဝင် အခွင့်အလမ်းများကို လက်ကိုင်ထားသင့်ကြောင်း၊ အရင်းအမြစ်များစုစည်း၍ ရပ်တည်ချက်များကို ညှိနှိုင်းသင့်ကြောင်း၊ “ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုက ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းရေး၊ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးနဲ့ ရာသီဥတု အပြောင်းအလဲ သက်ရောက်မှု လျော့ပါးရေး စတာတွေအတွက် အနက်အဓိပ္ပါယ်ရှိတဲ့ ပံ့ပိုးကူညီမှုတွေ ပြုလုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ကာဇက်စတန်နိုင်ငံ သမ္မတ တိုကာယက်ဗ်က “BRICS +” သည် ကြီးမားသောဖွံ့ဖြိုးတိုးတက်မှုအလားအလာရှိပြီး ၎င်းသည် မတူသော ကုန်းမြေတိုက်ကြီးများမှ နိုင်ငံများကို စုစည်းပြီး ဘုံအခွင့်အလမ်းများကို ထိထိရောက်ရောက်အသုံးချကာ စည်းလုံးညီညွတ်မှုကို အားကောင်းခိုင်မာစေသလို ပါဝင်သူအားလုံးကို အကျိုးရှိစေမည်ဟု ရှုမြင်ပေသည်။ တိုကာယက်ဗ်သည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ကိုယ်စားပြုမှုနှင့် ပြောရေးဆိုခွင့်ကို တိုးမြှင့်ရန် ထောက်ခံကြောင်း ပြောကြားခဲ့သလို “ကမ္ဘာ့တောင်ဘက်ခြမ်းရဲ့ အသံတွေကို နားထောင်ရမယ်” ဟုလည်း ပြောကြားခဲ့သည်။
ကွန်ဂိုသမ္မတနိုင်ငံ သမ္မတ Sassou Nguesso က ယခုအကြိမ် BRICS ခေါင်းဆောင်များအစည်းအဝေးနှင့် “BRICS +” ခေါင်းဆောင်များ၏ တွေ့ဆုံဆွေးနွေးမှုသည် “ပိုမိုတရားမျှတ၊ ပိုမိုစည်းလုံးညီညွတ်ပြီး ပိုမိုသာယာဝပြောသောကမ္ဘာတစ်ခု တည်ဆောက်ရေးနှင့် နိုင်ငံတိုင်း၏ ပြည်သူများအား အကျိုးဆောင်ကြဉ်းပေးရေး ကြိုးစားအားထုတ်ရန်”စိတ်တူကိုယ်တူ ရည်မှန်းချက်တူညီသူများအား စုစည်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် လွတ်လပ်စွာ သီးခြား ရပ်တည်မှုရှိသော၊ ပိုမိုကြံ့ခိုင်မှုရှိသော စီးပွားရေးကို အခြေခံ၍ ပိုမိုသာယာသော အနာဂတ်ကို တည်ဆောက်နိုင်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ်တိုးတက်မှုအတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုများ ပိုမိုပြုလုပ်နိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
တူကီယဲနိုင်ငံ သမ္မတ အာဒိုဂန်က ယနေ့ခေတ်ကမ္ဘာကြီးသည် စီးပွားရေး၊ လုံခြုံရေး၊ တရားမျှတမှုနှင့် ရာသီဥတုပြောင်းလဲမှုစသည့် ကဏ္ဍများတွင် ခက်ထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ထောက်ပြခဲ့သည်။ တူကီယဲနိုင်ငံသည် “BRICS +” ပလက်ဖောင်းရှိ နိုင်ငံများနှင့်အတူ ဘုံစိုးရိမ်ပူပန်နေကြသော ပြဿနာများအတွက် အဖြေရှာရန်၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှု၊ စီးပွားရေးတိုးတက်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်၊ ပိုမိုမျှတသော နိုင်ငံတကာစနစ်တည်ဆောက်မှုကို တွန်းအားပေးရန်အတွက် အလွန်အလေးထားကြောင်း ၎င်းက ထောက်ပြခဲ့သည်။
မော်ရီတေးနီးယားနိုင်ငံ သမ္မတ Ghazouani က ဖွံ့ဖြိုးရေးနှင့် တိုးတက်ရေးသည် နိုင်ငံအားလုံး၏ အခွင့်အရေးဖြစ်သည်ဟု ယူဆသည်။ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ဟန်ချက်မညီခြင်းသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အကောင်အထည်ဖော်ရာတွင် တွေ့ကြုံနေရသော အခက်အခဲ စိန်ခေါ်မှုများ၏ အရေးကြီးသောအကြောင်းရင်းများဖြစ်ကြောင်း၊ ယနေ့ခေတ်ကမ္ဘာကြီး အထူးသဖြင့် အာဖရိကနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တစ်ဆင့်တိုး ပြုပြင်ပြောင်းလဲရန်အတွက် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု အရွေ့စွမ်းအင်အသစ် အထူးလိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘီလာရုဇ်နိုင်ငံ သမ္မတ လူကာရှန်ကိုက ပိုမိုများပြားသောနိုင်ငံများသည် ပိုမိုတရားမျှတသော ကမ္ဘာလုံးဆိုင်ရာစနစ်ကို မျှော်လင့်လာကြရာ ဘီလာရုဇ်နိုင်ငံအနေဖြင့် ဘုံလုံခြုံရေးကို ကာကွယ်ထိန်းသိမ်းသူ၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ကျင့်သုံးသူအဖြစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့သည်။ .
ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Mirziyoyev က BRICS ပူးပေါင်းဆောင်ရွက်မှု ယန္တရားသည် ကုလသမဂ္ဂကို ဗဟိုပြုသော နိုင်ငံတကာ စနစ်ကို ထိန်းသိမ်းကာကွယ်ပေးသည်ဟု ပြောကြားခဲ့သည်။ BRICS နိုင်ငံများမှ အဆိုပြုသည့် အဆိုပြုချက်များ၊ ဥပမာ ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ဆောင်ရွက်ခြင်းဖြင့် အားလုံးပါဝင်နိုင်သော စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ခြင်းစသည်တို့ကို ဥဇဘက်ကစ္စတန်နိုင်ငံအနေဖြင့် ထောက်ခံကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဘိုလီးဗီးယားနိုင်ငံ သမ္မတ Arce က BRICS ပေါ်ထွန်းလာမှုသည် အရုဏ်ဦးအလင်းရောင်သဖွယ် ကမ္ဘာ့ဗဟုအသွင်ပြောင်းလဲရေးအလားအလာသည် နောက်ပြန်လှည့်၍မရသည်ကို မီးမောင်းထိုးသက်သေပြလိုက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ BRICS ယန္တရား၏ ပံ့ပိုးကူညီမှုဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် မိမိကိုယ်ပိုင် အလားအလာများကို ဖော်ဆောင်နိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးကို မြှင့်တင်ကာ သိပ္ပံနှင့် နည်းပညာဆိုင်ရာ တိုးတက်မှု၊ ဒစ်ဂျစ်တယ်ချိတ်ဆက်မှုနှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တို့ဖြင့် အခြေခံသော အပြန်အလှန်အကျိုးရှိသည့် ဖွံ့ဖြိုးတိုးတက်မှုဗျူဟာများကို အားဖြည့်ဆောင်ရွက်နိုင်ကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများလည်း ယင်းဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် ပါဝင်နိုင်စေရန် ပိုမိုလိုက်လျောညီထွေရှိမှု၊ ထိရောက်မှု၊ အားလုံးပါဝင်နိုင်မှု၊ ကိုယ်စားပြုမှုရှိသော နိုင်ငံတကာ ဘက်ပေါင်းစုံစနစ်တစ်ရပ်ကို ထူထောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က “BRICS+” ၏ နိုင်ငံစုံ ပူဆောင်းဆောင်ရွက်ရေးဝါဒအပေါ် အခိုင်အမာ လက်ကိုင်ထား ကြိုးပမ်းမှုများကို တန်ဖိုးထား ချီးကျူးခဲ့သည်။ ဒေသတွင်း ပဋိပက္ခများ၊ ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံကွဲပြားမှု၊ ဆင်းရဲနွမ်းပါးမှုနှင့် ငတ်မွတ်ခေါင်းပါးမှုစသည့် ကမ္ဘာ့စိန်ခေါ်မှုများကို ရင်ဆိုင်ရာတွင် နိုင်ငံများအနေဖြင့် စိတ်တူကိုယ်တူ ကြိုးပမ်းအားထုတ်ကာ ကိုင်တွယ်ဖြေရှင်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးသည် ကုလသမဂ္ဂ၏ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ အောင်မြင်ရန် ပိုမိုများပြားသော အားဖြည့်ကူညီမှုများ ပေးလျက်ရှိပြီး “BRICS +” သည် နိုင်ငံစုံ ပူပေါင်းဆောင်ရွက်ရေးဝါဒ အားဖြည့်ဆောင်ရွက်မည်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)
………………………………………………………….
(Chinese Version)
综述|汇全球南方合力 促世界和平发展——来自“金砖+”领导人对话会的响亮和声
新华社北京10月24日电 新华社记者
“金砖+”领导人对话会24日在俄罗斯喀山举行。多位与会国家和国际组织领导人及代表在发言中表示,期待在“金砖+”合作模式下深化各领域合作,携手维护广大发展中国家共同利益,进一步提升“全球南方”国家在国际事务中的话语权和代表性,推动构建更加公正合理的国际秩序,促进世界和平与发展。
俄罗斯总统普京表示,对于金砖成员国来说,同全球南方国家共同探讨问题非常重要。与会各国对文明多样性有着相似的愿景。愿同全球南方国家一道,推动包容和可持续发展,建设一个惠及各国人民、尊重发展权利和民族特性的更美好世界。
埃及总统塞西说,世界和平与发展正受到单边主义和保护主义的威胁。发展中国家需要团结起来,加强协商与合作,这是应对当前全球挑战的重要途径。他强调,新开发银行和亚投行为发展中国家实施多领域发展项目提供了便利,在帮助各国融资方面发挥重要作用,带动了南南合作。
南非总统拉马福萨认为,坚持多边主义、完善全球治理体系是促进世界和平与发展的重要途径。“金砖合作机制、‘金砖+’是广大全球南方国家和新兴市场国家团结合作的重要平台,对各国经济、社会、文化发展贡献巨大。”
巴西外交部长维埃拉指出,全球南方国家是促进世界和平与发展的积极力量。金砖合作机制致力于共同建设一个更加公平的世界,“我们将持续为构建国际经济新秩序而努力”。
埃塞俄比亚外交国务部长梅斯加努说,金砖国家和全球南方国家汇聚一堂,共商南南合作大计。全球南方国家应把握历史机遇,集中资源,协调立场以应对各种危机。“相信南南合作能够为维护和平与安全、消除贫困、促进发展和减缓气候变化影响等作出有意义的贡献。”
在哈萨克斯坦总统托卡耶夫看来,“金砖+”具有巨大的发展潜力,它将来自不同大陆的国家聚集在一起,有效利用共同机遇,加强团结,造福所有参与者。托卡耶夫支持提升全球南方国家的代表性和发言权。他说,“必须倾听全球南方的声音”。
刚果共和国总统萨苏说,此次金砖国家领导人会晤和“金砖+”领导人对话会将志同道合者汇聚一堂,“致力于建设一个更公平、更团结、更繁荣的世界,并造福各国人民”。他表示,全球南方国家可以在独立自主和更具韧性的经济基础上建设美好未来,为世界和平、人类进步作出更多积极贡献。
土耳其总统埃尔多安指出,当今世界在经济、安全、公平正义、气候变化等方面都面临严峻挑战。土耳其重视在“金砖+”平台上同各国就共同关心的问题寻找解决方案,促进全球贸易、经济增长及可持续发展,推动构建更公平的国际秩序。
毛里塔尼亚总统加兹瓦尼认为,发展和进步是所有国家的权利。实现可持续发展目标遇到困难挑战,缺乏多边合作、全球治理体系失衡是重要原因。当今世界特别是非洲国家发展亟需来自多边合作的新动能,进一步改革全球治理体系。
白俄罗斯总统卢卡申科表示,越来越多的国家盼望一个更公正的世界秩序,白俄罗斯愿做共同安全的维护者、可持续发展的践行者,愿积极参与全球治理体系改革。
乌兹别克斯坦总统米尔济约耶夫说,金砖合作机制维护以联合国为核心的国际体系。乌方赞成金砖国家提出的一系列倡议,如通过加强合作实现包容性经济增长等。
玻利维亚总统阿尔塞表示,金砖的出现如同一道曙光,印证世界多极化趋势不可逆转。在金砖机制支持下,发展中国家可以发挥自身潜力,推动全球治理变革,加强以科技进步、数字连接和可再生能源为基础的互利发展战略。他说,有必要建立一个更加灵活、有效、包容、更具代表性的国际多边体系,使得发展中国家和最不发达国家也能参与其决策进程。
联合国秘书长古特雷斯对“金砖+”坚持多边主义的努力表示赞赏。他表示,面对地区冲突、气候变化、生物多样性、贫困与饥饿等全球性挑战,各国必须齐心协力一起应对。他指出,南南合作正为实现联合国可持续发展目标提供越来越多的助力,相信“金砖+”将为加强多边主义、促进全球发展和安全发挥重要作用。(完)
图说1:这是10月24日拍摄的出席“金砖+”领导人对话会的金砖国家及嘉宾国领导人或代表、国际组织负责人集体合影。新华社记者 姚大伟 摄
图说2:这是10月20日拍摄的俄罗斯喀山克里姆林宫一景。新华社记者 丁海涛 摄