Culture & Entertainment
မြန်မာနိုင်ငံ၏ နာမည်ကျော် ရွှေတိဂုံစေတီတော်မြတ်သို့ ၁၀ လအတွင်း လာရောက်သူ ၆.၆၄ သန်းကျော်ရှိ
ရန်ကုန်၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံရှိ နာမည်ကျော် ရွှေတိဂုံစေတီတော်မြတ်သို့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ အောက်တိုဘာလ ၃၁ ရက်အထိ လာရောက်သူ ၆.၆၄ သန်းကျော်ရှိကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးဘိုးသင်းက ဆင်ဟွာသို့ နိုဝင်ဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။
၎င်းတို့အနက် ၆၉,၃၉၁ ဦးမှာ ပြည်ပမှ လာရောက်ခဲ့ခြင်း ဖြစ်ပြီး အများဆုံးလာရောက်ကြသည့် နိုင်ငံများမှာ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရွှေတိဂုံစေတီတော်သို့ ဇန်နဝါရီလမှ ဇွန်လအထိ လာရောက်သူ ၃.၆၉၇ သန်းကျော် ရှိပြီး ဇူလိုင်လမှ အောက်တိုဘာလအထိ လာရောက်သူ ၂.၉၄၆ သန်းကျော်ရှိကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
ရွှေတိဂုံစေတီတော်မြတ်အား နေ့စဉ် နံနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဖွင့်လှစ်ထားကြောင်း သိရသည်။ (Xinhua)
……………………………
(English Version)
Myanmar’s famed Shwedagon Pagoda attracts over 6.64 mln visitors in 10 months of this year
YANGON, Nov. 27 (Xinhua) — The Shwedagon Pagoda, also known as the Golden Pagoda in Myanmar, attracted over 6.64 million visitors, from January 1 to October 31, 2024, U Boe Thin, a member of the Shwedagon Pagoda Board of Trustees told Xinhua on Wednesday.
Of these, 69,391 were foreign visitors, with the most coming from China, Thailand and Vietnam, he said.
The pagoda attracted over 3.697 million visitors from January to June, and over 2.946 million visitors from July to October, he added.
The Shwedagon Pagoda is open daily from 4 a.m. to 10 p.m. local time. Enditem
Photo – People visit the Shwedagon Pagoda in Yangon, Myanmar, Oct. 13, 2019. (Xinhua/U Aung)