Connect with us

Europe

ယူကရိန်းနိုင်ငံ သမ္မတက NATO တွင် ပါဝင်ရေးစသည့် ကိစ္စရပ်များကို နိုင်ငံများစွာ၏ ခေါင်းဆောင်များနှင့် ဆွေးနွေး

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တွင် NATO ဌာနချုပ် ထောင့်တစ်နေရာကို မတ်လ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးသည် နိုဝင်ဘာ ၂၉ ရက်တွင် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်၊ နော်ဝေနိုင်ငံ ဝန်ကြီးချုပ် Jonas Gahr Store တို့နှင့် ဖုန်းခေါ်ဆိုခဲ့ပြီး ယူကရိန်းအား NATO တွင် ပါဝင်ရန် ဖိတ်ခေါ်ရေးနှင့် ယူကရိန်းအား ပံ့ပိုးကူညီမှုကို အားဖြည့်ပေးရေးစသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ၎င်းက အဆိုပါနေ့ ညပိုင်းတွင် လူမှုမီဒီယာ “Telegram” ၌ ရေးသားဖော်ပြခဲ့သည်။

ဇယ်လန်းစကီးက ၎င်းနှင့် မက်ခရွန်သည် အကျိုးရှိသော ဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက ယူကရိန်းနိုင်ငံအား NATO သို့ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်း၊ ယူကရိန်း၏ တာဝေးပစ်တိုက်ခိုက်မှုစွမ်းရည်ကို တိုးချဲ့ခြင်း၊ NATO အဖွဲ့ဝင်နိုင်ငံများ၏ နယ်မြေပိုင်နက်တွင် ယူကရိန်းတပ်ဖွဲ့များကို ဆက်လက်လေ့ကျင့်ပေးခြင်းနှင့် ယူကရိန်းတပ်မများ လက်နက်တပ်ဆင်ခြင်း၏ အရေးပါမှုကို မက်ခရွန်အား အလေးထားပြောကြားခဲ့ရာ မက်ခရွန်က ယူကရိန်းတပ်ဖွဲ့များကို ယူကရိန်းပိုင်နက်၌ တစ်ချိန်တည်းတွင် လေ့ကျင့်ပေးရန် အဆိုပြုခဲ့သည်။

နော်ဝေနိုင်ငံ ဝန်ကြီးချုပ် Store နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားရာတွင် ဇယ်လန်းစကီးက နော်ဝေ၏ လာမည့်နှစ်တွင် ယူကရိန်းအား ပံ့ပိုးကူညီပေးမှုကို သိသိသာသာ တိုးမြှင့်ပေးမည့် အစီအစဉ်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ၎င်းနှင့် Store တို့သည် ယူကရိန်းဘက်အတွက် လျှပ်စစ်ဓာတ်အားပေးစက်၊ လျှပ်စစ်ပစ္စည်းကိရိယာများနှင့် စွမ်းအင်တိုက်ခိုက်မှုဖြစ်ပွားပါက တုံ့ပြန်ရန် အပို လေကြောင်းရန်ကာကွယ်ရေးလက်နက်များ စသည်တို့ ပါဝင်သော အခြား ဦးစားပေးလိုအပ်ချက်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် နိုဝင်ဘာ ၂၉ ရက်တွင် ဇယ်လန်းစကီးက ဂျာမန်နိုင်ငံ ဝန်ကြီးချုပ် Scholz နှင့်လည်း ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ကြောင်း၊ နှစ်ဖက်လုံးသည် လက်နက်များ ပူးတွဲထုတ်လုပ်ရန်နှင့် ဂျာမနီမှ ပံ့ပိုးကူညီသော “Patriot” စနစ်နှင့် IRIS-T လေကြောင်းကာကွယ်ရေးဒုံးကျည်စနစ်၏ စွမ်းဆောင်ရည် မြှင့်တင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြကြောင်း ယူကရိန်းသမ္မတ ဝက်ဘ်ဆိုက်က ထုတ်ပြန်ခဲ့သည်။ ဂျာမနီဘက်က ယူကရိန်းအား ကာကွယ်ရေးဆိုင်ရာ အထောက်အပံ့များ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း Scholz က ပြောကြားခဲ့သည်။ (Xinhua)
………………………………….
(Chinese Version)
乌总统与多国领导人讨论加入北约等问题
新华社基辅11月29日电(记者李东旭)乌克兰总统泽连斯基29日晚在社交媒体“电报”发文说,他当天分别同法国总统马克龙和挪威首相斯特勒通话讨论邀请乌克兰加入北约和加强对乌援助等事宜。
泽连斯基说,他与马克龙进行了富有成效的对话。他向马克龙强调了邀请乌克兰加入北约、扩大乌克兰远程打击能力、继续在北约成员国领土训练和装备乌克兰旅的重要性,马克龙提议同时在乌克兰境内训练乌军。
在与挪威首相斯特勒通话时,泽连斯基对挪威明年计划大幅增加对乌援助表示感谢。他与斯特勒还讨论了乌方其他优先需求,包括发电机、电力装备、应对能源袭击的额外防空武器等。
另据乌克兰总统网站报道,泽连斯基29日还同德国总理朔尔茨通话,双方重点就开展武器联合生产和提升德国援助的“爱国者”系统和IRIS-T防空导弹系统性能进行了讨论。朔尔茨表示,德方将继续向乌提供防务支持。(完)
图说:这是3月14日在比利时布鲁塞尔拍摄的北约总部一角。新华社记者赵丁喆摄