Asia
အရေးပေါ် စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယို ပြည်သူ့မိန့်ခွန်းတွင် ရှင်းလင်းပြောကြား
ဆိုးလ်၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)
ဒီဇင်ဘာ ၃ ရက်တွင် အရေးပေါ် စစ်အုပ်ချုပ်ရေး ဖော်ဆောင်ရခြင်းအပေါ် ရှင်းလင်းပြောကြားရန် တောင်ကိုရီးယားနိုင်ငံ သမ္မတ ယွန်းဆက်ယိုက ဒီဇင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူများအား မိန့်ခွန်းပြောကြားခဲ့သည်။
အတိုက်အခံပါတီ၏ လုပ်ရပ်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျင့်သုံးမှုကို ခြိမ်းခြောက်နေပြီး သမ္မတအနေဖြင့် အရေးပေါ် စစ်အုပ်ချုပ်ရေး အစီအမံ လုပ်ဆောင်ရခြင်းသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ စနစ်ကို ဖျက်ဆီးရန်မဟုတ်ဘဲ တိုင်းပြည်က အကျပ်အတည်းအခြေအနေတွင်ရောက်ရှိနေကြောင်း ပြည်သူများအား အသိပေးရန်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကျင့်သုံးမှုစနစ်ကို ထိန်းသိမ်းကာကွယ်ရန်နှင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ထိန်းသိမ်းရန်ဖြစ်ကြောင်း ယွန်းဆက်ယိုက ပြောကြားခဲ့သည်။
အတိုက်အခံပါတီများက ၎င်းအား “ပြည်တွင်း ဆူပူအုံကြွလာအောင် လုပ်ဆောင်မှု” ဟု လွဲမှားစွာစွပ်စွဲကာ အကြီးအကျယ် စွဲချက်တင်နေကြောင်း ၎င်းက ပြစ်တင်ခဲ့ပြီး တရားစွဲဆိုခြင်းဖြစ်စေ၊ စုံစမ်းစစ်ဆေးခြင်းဖြစ်စေ အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
韩国总统尹锡悦发表国民谈话为紧急戒严辩解
新华社首尔12月12日电(记者陆爱华 姬新龙)韩国总统尹锡悦12日上午通过电视发表对国民谈话,为3日实行紧急戒严辩解。
尹锡悦说,在野党所作所为威胁宪政,作为总统采取紧急戒严措施不是为了破坏国家的宪政秩序,而是为了向国民告知国家处于危机的状况,守护宪政秩序并恢复国家宪法。
他指责在野党诬陷自己“内乱罪”、大搞弹劾,并表示无论是弹劾还是调查,都会奉陪到底。(完)
图说:12月12日,在韩国首尔火车站,韩国民众观看总统尹锡悦对国民谈话的电视直播。新华社记者 姚琪琳 摄