Media
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် Yuntianhua ကုမ္ပဏီအား ဖိတ်ကြား၊ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဂုဏ်ပြုလက်မှတ်အား ယင်းကုမ္ပဏီက ရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၂ ရက်
တရုတ်နိုင်ငံ Yuntianhua Group Co.,Ltd ၏ မြန်မာနိုင်ငံရှိ ကုမ္ပဏီခွဲဖြစ်သော Shwe Crop Nutrients Co.,Ltd သည် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တက်ရောက်ခဲ့သည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အဓိက ပူးပေါင်းဆောက်ရွက်မှု မိတ်ဖက် အနေဖြင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က Yuntianhua အား ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
Shwe Crop Nutrients Co.,Ltd က ယင်းနေရာတွင် မိတ်ဆက်ပြခန်းစင်များ ထားရှိ၍ အခမ်းအနား တက်ရောက်သူများအား Yuntianhua Group Co.,Ltd အကြောင်း မိတ်ဆက်ပေးခဲ့သလို မြန်မာနိုင်ငံရှိ Yuntianhua ၏ အဓိက ထုတ်ကုန်များကို ပြသခဲ့ရာ အခမ်းအနား တက်ရောက်လာသူများက ထုတ်ကုန်မိတ်ဆက်စာစောင် ၂၀၀ ကျော်နှင့် မိတ်ဆက်ကြော်ငြာပစ္စည်းများကို စိတ်အားထက်သန်စွာ အားလုံးအကုန်ယူဆောင်သွားကြကြောင်း သိရသည်။
ယခုနှစ်များတွင် Yuntianhua သည် တရုတ်နိုင်ငံ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်ရေးနှင့် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း ဟူသော ဟစ်ကြွေးသံကို တက်ကြွစွာ တုံ့ပြန်သည့်အနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် “Yuntianhua ပညာသင်ဆု” နှင့် “Yuntianhua ပညာတော်သင်ဆု ရန်ပုံငွေ” များ တည်ထောင်ခဲ့ပြီး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ရေရှည် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတည်ဆောက်ကာ ပညာတော်၍ စာရိတ္တကောင်းမွန်သော မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း လူရည်ချွန်များအတွက် ငွေကြေးထောက်ပံ့ကူညီပေးပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်း လူရည်ချွန် ပျိုးထောင်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခဲ့ပေသည်။ စာရင်းများအရ လက်ရှိအချိန်အထိ “Yuntianhua ပညာတော်သင်ဆု ရန်ပုံငွေ” တွင် Yuntianhua ကုမ္ပဏီက မြန်မာကျပ်ငွေ ၆၉၉ သန်း (တရုတ်ယွမ်ငွေ ၂.၄၂၉ သန်း) ထည့်ဝင်ထားပြီး ဖြစ်သလို “Yuntianhua ပညာသင်ဆု” များ ပေးအပ်ရာတွင် မြန်မာကျပ်ငွေ ၃၀၅ သန်း (တရုတ်ယွမ်ငွေ ၁၄၅,၀၀၀ ) ရှိပြီဖြစ်သည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၄၀၁ ဦး “Yuntianhua ပညာသင်ဆု” ရရှိခဲ့ပြီး မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးနှင့် တရုတ်နိုင်ငံ ယူနန်စိုက်ပျိုးရေးတက္ကသိုလ် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးတို့သည် “Yuntianhua ပညာတော်သင်ဆု ရန်ပုံငွေ” မှတစ်ဆင့် လေ့လာဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အနာဂတ်တွင် Yuntianhua သည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် မြေဩဇာနည်းပညာအသုံးချမှု၊ စိုက်ပျိုးရေး စံပြစိုက်ကွက်တည်ဆောက်မှု စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ခေတ်မီအသွင်ပြောင်းမှု ဖြစ်စဉ်အတွက် အားအင် ဖြည့်တင်းသွားမည် ဖြစ်ကြောင်း သိရသည်။
#Yuntianhua #ShweCropNutrients #YezinAgriculturalUniversity #မြန်မာ #တရုတ်ကုမ္ပဏီ #ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်