Media
တောင်ကိုရီးယား သမ္မတယွန်းက စုံစမ်းစစ်ဆေးမှုအား ထပ်မံငြင်းပယ်၊ ငြိမ်းချမ်းစွာဆန္ဒပြရန် တိုက်တွန်း
တောင်ကိုရီးယားနိုင်ငံ၏ ဖမ်းဆီးထိန်းသိမ်းခံသမ္မတ ယွန်းဆက်ယိုသည် ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်း၌ ပြုလုပ်ရန် စီစဉ်ထားသည့် စုံစမ်းစစ်ဆေးမှုအတွက် လာရောက်ခဲ့ခြင်းမရှိကြောင်း ပြည်တွင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
သမ္မတယွန်းအနေဖြင့် ဇန်နဝါရီ ၁၉ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ၌ ပြုလုပ်ရန် စီစဉ်ထားသည့် စုံစမ်းစစ်ဆေးမှုအတွက် လာရောက်ခဲ့ခြင်းမရှိဟု အဆင့်မြင့်အရာရှိကြီးများအပေါ် အဂတိလိုက်စားမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးရုံး (CIO) က ဆိုသည်။ CIO အနေဖြင့် ဇန်နဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ၌ ပြုလုပ်မည့် စုံစမ်းစစ်ဆေးမှုအတွက် လာရောက်ရန် ယွန်းအား ထပ်မံတောင်းဆိုသွားမည်ဟု သိရသည်။ (Xinhua)
…………………………………….
(English Version)
S. Korea’s Yoon refuses investigation again, urging peaceful protests
South Korea’s detained President Yoon Suk-yeol refused to attend a scheduled detention investigation Sunday afternoon, according to local reports.
The Corruption Investigation Office for High-ranking Officials (CIO) said that Yoon did not appear for the detention investigation scheduled for 2 p.m. local time Sunday. The state anti-corrupt agency will request Yoon’s attendance again at 10 a.m. local time on Monday. xhtxs.cn/0Bu