Connect with us

Politics, Law & Military

လုံခြုံရေးကောင်စီအား နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးကို အလေးထားရန် ကြိုးပမ်း တွန်းအားပေးမည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ် ပြောကြား #ဆင်ဟွာ

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် မိန့်ခွန်းပြောကြားနေသော ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံး (အနောက်တန်း၊ အလယ်) ကို ဖေဖော်ဝါရီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လုံခြုံရေးကောင်စီအား နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးကို အလေးထားရန် ကြိုးပမ်း တွန်းအားပေးမည်ဟု တရုတ်နိုင်ငံ ကိုယ်စားလှယ် ပြောကြား

ကုလသမဂ္ဂ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဖေဖော်ဝါရီလ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ ဖြစ်သည်။ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက ဖေဖော်ဝါရီ ၃ ရက်က ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တရုတ်နိုင်ငံအနေဖြင့် အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံအဖြစ် တာဝန်ယူသည့်ကာလအတွင်း လုပ်ငန်းဆောင်တာများကို မိတ်ဆက်ပေးခဲ့ပြီး လုံခြုံရေးကောင်စီအား နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးကို အလေးထားရန် ကြိုးပမ်း တွန်းအားပေးမည်ဟု ပြောကြားခဲ့သည်။

ယနေ့ကမ္ဘာကြီးသည် ကမောက်ကမနှင့် အပြောင်းအလဲကာလသစ်တစ်ခုသို့ ဝင်ရောက်လာရာ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်ရန် တိုက်တွန်းသံများသည်လည်း ပို၍ ကျယ်လောင်လာကြောင်း ဖုချုံးက ပြောကြားခဲ့သည်။ လုံခြုံရေးကောင်စီအတွင်း စည်းလုံးညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို အစားထိုးသော ကွဲပြားမှုနှင့် ထိပ်တိုက်တွေ့မှု၊ ကြီးမားသော လုံခြုံရေးအကျပ်အတည်းများ ရင်ဆိုင်ရာတွင် စွမ်းဆောင်မှုမရှိသည့် အခြေအနေမျိုးများ ဆက်လက်ဖြစ်ပွား၍ မရနိုင်တော့ကြောင်း၊ ဤအခြေအနေတွင် တရုတ်နိုင်ငံက လုံခြုံရေးကောင်စီအား “နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ လက်တွေ့ဖော်ဆောင်ရေးနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှု ပြုပြင်ပြောင်းလဲရေးနှင့် ပြီးပြည့်စုံရေး” ဟူသော အဆင့်မြင့် တံခါးဖွင့် အချေအတင်ဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၈ ရက်တွင် ကျင်းပရန် အဆိုပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် ယခုလတွင် အရှေ့အလယ်ပိုင်း အခြေအနေကို အဓိက အာရုံစိုက်မည်ဖြစ်ပြီး ရေရှည်ဖြစ်သော နိုင်ငံရေးအရ ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေကာ အာဖရိကတိုက်အပေါ် ပိုမိုကြီးမားသော အာရုံစိုက်မှုနှင့် ထောက်ပံ့မှုများကို တွန်းအားပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ၏ လုပ်ငန်းတာဝန်များကို အထူးအလေးထားပြီး တာဝန်ယူမှုနှင့် အပြုသဘောဆောင်သော သဘောထားဖြင့် ဥက္ကဋ္ဌနိုင်ငံ၏ တာဝန်ဝတ္တရားများကို သေချာ ဖော်ဆောင်မည်ဖြစ်ကာ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ၏ စည်းလုံးညီညွတ်မှုကို အားဖြည့်ရန်၊ ဘုံသဘောတူညီချက်များကို စုစည်းရန် တွန်းအားပေးပြီး လုံခြုံရေးကောင်စီအား ၎င်းတာဝန်ဝတ္တရားများကို ထိရောက်စွာ လိုဖော်ဆောင်ရန်၊ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ရန် ဆောင်ရွက်သွားမည်ဟု ဖုချုံးက ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အမြဲတမ်းအဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံနှင့် အမြဲတမ်းအဖွဲ့ဝင်မဟုတ်သော နိုင်ငံ ၁၀ နိုင်ငံတို့ဖြင့်ဖွဲ့စည်းထားပြီး အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံမှ အလှည့်ကျ ထမ်းဆောင်ကာ သက်တမ်းမှာ တစ်လ ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌသည် လုံခြုံရေးကောင်စီက အတည်ပြုထားသော အဆိုပါလ၏ ဆွေးနွေးရမည့် ကိစ္စရပ်များ၊ လမ်းညွှန်ပြန်လည်သုံးသပ်ချက်များတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ပြီး ဘက်အသီးသီး၏ အလေးထားခြင်းကို ခံရကြောင်း သိရသည်။ (Xinhua)
#ကုလသမဂ္ဂလုံခြုံရေးကောင်စီ #အလှည့်ကျဥက္ကဋ္ဌနိုင်ငံ #နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ #Multilateralism #ဖုချုံး #UN
……………………………………
(Chinese Version)
中国代表:努力推动安理会重视多边主义和全球治理
新华社联合国2月3日电(记者施春)中国从2月1日起担任联合国安理会2月轮值主席。中国常驻联合国代表傅聪3日举行记者会介绍中方就任轮值主席国期间的工作,表示将努力推动安理会重视多边主义和全球治理。
傅聪表示,当今世界进入新的动荡变革期,完善全球治理体系的呼声越来越高。安理会分裂与对抗取代团结与合作、在重大安全危机面前无所作为的局面不能继续下去。在此背景下,中方倡议安理会于2月18日举行“践行多边主义,改革完善全球治理”的高级别公开辩论会。此外,本月还将重点关注中东局势,寻找持久的政治解决方案,推动加大对非洲的关注和支持。
傅聪表示,中方高度重视担任安理会轮值主席工作,将本着负责任和建设性态度,认真履行主席职责,推动安理会成员加强团结,凝聚共识,让安理会有效履行职责、发挥作用。
联合国安理会由5个常任理事国和10个非常任理事国组成,轮值主席国一职由安理会15个成员轮流担任,为期1个月。安理会主席对安理会确定当月议题、引导审议作用重要,受到各方重视。(完)
图说:2月3日,在位于纽约的联合国总部,中国常驻联合国代表傅聪(后中)在记者会上发言。新华社发(联合国供图/曼努埃尔·伊莱亚斯摄)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.