Connect with us

Education & Health

ကူးစက်ရောဂါများအတွက် ကာကွယ်နှိမ်နင်းရေးနှင့် ကုသရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီးဆို

ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အစည်းအဝေးကျင်းပစဉ်(ဓာတ်ပုံ- ပြည်သူ့ကျန်းမာရေး ဦးစီးဌာန)

ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ)

ကူးစက်ရောဂါများအတွက် ကာကွယ်နှိမ်နင်းရေးနှင့် ကုသရေးလုပ်ငန်းများကို စနစ်တကျ ထိရောက်စွာဆောင်ရွက်

သွားရန် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်သည့် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် Schistosomiasis ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကူးစက်ပျံ့ပွားမှုအခြေအနေကို ဖြစ်ပွားသောအချိန်၊ နေရာနှင့် ဖြစ်ပွားသူများကို အသေးစိတ်လေ့လာရန်၊ အရှေ့တောင်အာရှဒေသဆိုင်ရာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ထံ သတင်းပို့အကြောင်းကြား၍ အကြံဉာဏ်နှင့် နည်းပညာများရယူရန်၊ စုံစမ်းစစ်ဆေးရေး နှင့်ကာကွယ်နှိမ်နင်းရေးနှင့် ကုသရေးလုပ်ငန်းများကို စနစ်တကျ ထိရောက်စွာဆောင်ရွက်သွားရန်နှင့် လိုအပ်သော ဓာတ်ခွဲပစ္စည်းများနှင့် ဆေးဝါးများကို အမြန်ဆုံးဝယ်ယူထောက်ပံ့ပေးရန်နှင့် Melioidosis ရောဂါ၊ Leptospirosis ရောဂါများအတွက် ပညာပေးလုပ်ငန်းများကို ဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ညွှန်ကြားခဲ့ကြောင်း သိရသည်။

ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ခရု မှတစ်ဆင့် ကူးစက်တတ်သော Schistosomiasis ရောဂါ လူနာ (၅၉) ဦး တွေ့ရှိခဲ့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ဗဟိုသားဖွားသင်တန်းကျောင်းတွင် အူရောင်ငန်းဖျား (Enteric Fever) ရောဂါကပ်အသွင်ဖြစ်ပွားခြင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် Melioidosis ရောဂါလူနာ (၁)ဦးတွေ့ရှိခဲ့ခြင်းနှင့် လက်ပ်တိုစပိုင်ရိုစစ် (Leptospirosis) ရောဂါ ဖြစ်ပွားမှုအခြေအနေတို့အတွက် ကွင်းဆင်းစုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် ကာကွယ်နှိမ်နင်းရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ ဆေးရုံတွင် ကြွက်နှိမ်နင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေနေများကို ပြည်ထောင်စုဝန်ကြီးအား တင်ပြခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.