Europe
ဂျာမနီ CDU/CSU ပါတီ ပြည်ထောင်စုလွှတ်တော် ရွေးကောက်ပွဲတွင် အနိုင်ရ

ဘာလင်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဂျာမနီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဖေဖော်ဝါရီ ၂၄ ရက် နံနက်အစောပိုင်းတွင် ဂျာမနီ ပြည်ထောင်စုလွှတ်တော် (အောက်လွှတ်တော်) ၏ ရွေးကောက်ပွဲ ကနဦး မဲစာရင်းကို ကြေညာခဲ့သည်။ ခရစ်ယာန်ဒီမိုကရက်တစ်ယူနီယံ (CDU) နှင့် ခရစ်ယာန်ဆိုရှယ်ယူနီယံ (CSU) တို့ဖွဲ့စည်းထားသော ညွန့်ပေါင်းပါတီရရှိသော ဆန္ဒမဲအရေအတွက်မှာ အခြားပါတီ၏အရှေ့တွင် ဦးဆောင်နေပြီး ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်က Friedrich Merz အား ဂျာမနီ ဝန်ကြီးချုပ်အသစ်အဖြစ် အမည်စာရင်းတင်သွင်းမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
Merz အား ဝန်ကြီးချုပ်လောင်းအဖြစ် ကိုယ်စားပြုသော ညွန့်ပေါင်းပါတီ၏ မဲရရှိနှုန်းသည် ၂၈.၆ ရာခိုင်နှုန်းရှိရာ ဂျာမနီ ရွေးချယ်မှုပါတီ (AfD) ၏ မဲရရှိနှုန်းသည် ၂၀.၈ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် လည်းကောင်း၊ လက်ရှိ ဝန်ကြီးချုပ် Olaf Scholz ကို ဝန်ကြီးချုပ်လောင်းအဖြစ် ကိုယ်စားပြုသော ဆိုရှယ်ဒီမိုကရက်တစ်ပါတီ၏ မဲရရှိနှုန်းသည် ၁၆.၄ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် လည်းကောင်း၊ အစိမ်းရောင်ပါတီသည် မဲရရှိနှုန်း ၁၁.၆ ရာခိုင်နှုန်းဖြင့် စတုတ္ထနေရာတွင် လည်းကောင်း၊ လက်ဝဲပါတီ၏ မဲရရှိနှုန်းသည် ၈.၈ ရာခိုင်နှုန်း၊ Bündnis Sahra Wagenknecht (BSW) ပါတီက ၄.၉ ရာခိုင်နှုန်း ရရှိပြီး လစ်ဘရယ် ဒီမိုကရက်ပါတီက ဆန္ဒမဲ ၄.၃ ရာခိုင်နှုန်းရရှိခဲ့ကြောင်း မဲရေစာရင်းကနဦး ရလဒ်တွင် ဖော်ပြထားသည်။ (Xinhua)
………………………………………….
(Chinese Version)
德国联盟党在联邦议院选举中获胜
新华社柏林2月24日电(记者邰思聪 李超)德国联邦选举委员会24日凌晨公布德国联邦议院(议会下院)选举初步计票结果。基督教民主联盟与基督教社会联盟组成的联盟党得票领先其他政党,在选举中获胜。选举委员会预测弗里德里希·默茨将被提名为德国新任总理。
初步计票结果显示,以默茨为总理候选人的联盟党得票率为28.6%,德国选择党得票率为20.8%,排名第二;以现任总理朔尔茨为总理候选人的社会民主党得票率为16.4%,排名第三;绿党以11.6%得票率位居第四;左翼党的得票率为8.8%;莎拉·瓦根克内希特联盟获得4.9%的选票;自由民主党获得4.3%的选票。(完)
这是2月23日,在德国柏林的基督教民主联盟总部,联盟党总理候选人默茨在出口民调显示领先后接受祝贺。 新华社记者 杜哲宇 摄