Africa & Middle East
အနောက်ဘက်ကမ်းဒေသ၌ ထိုးစစ်ဆင်မှုများ အရှိန်မြှင့်လုပ်ဆောင်နေစဉ် ယင်းဒေသ၌ စစ်တပ်အား တစ်နှစ်ပတ်လုံး ဖြန့်ကြက်ချထားရေးအတွက် ပြင်ဆင်ထားရန် အစ္စရေး ညွှန်ကြား

ဂျေရုဆလမ်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)
သိမ်းပိုက်ခံ အနောက်ဘက်ကမ်းဒေသ၌ အစ္စရေးက အကြီးစားစစ်ဆင်ရေးကို ဆက်လက် အရှိန်မြှင့်လုပ်ဆောင်နေစဉ် ယင်းဒေသရှိ ဒုက္ခသည်စခန်းများတွင် အစ္စရေးစစ်တပ်အား တစ်နှစ်ကြာ ဖြန့်ကြက်ချထားရေးအတွက် အသင့်ပြင်ဆင်ထားရန် အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဖေဖော်ဝါရီ ၂၃ ရက်၌ ညွှန်ကြားခဲ့သည်။
အစ္စရေးစစ်တပ်က အနောက်ဘက်ကမ်းဒေသ မြောက်ပိုင်းရှိ ကာဘာတီယာမြို့၌ ဖေဖော်ဝါရီ ၂၃ ရက် အစောပိုင်းတွင် စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်ခဲ့ကာ အဆိုပါမြို့ဧရိယာထဲသို့ တပ်ဖွဲ့ဝင်များ၊ မြေထိုးစက်များ ရောက်ရှိလာခဲ့သည်ဟု ပါလက်စတိုင်းသတင်းဌာန WAFA က ဖော်ပြခဲ့သည်။ အခြေခံအဆောက်အအုံ ပျက်စီးမှု၊ နေအိမ်များအား စီးနင်းဝင်ရောက်မှုနှင့် ရှာဖွေစစ်ဆေးမှု၊ မြေကြီးများ စုပုံထားခြင်းကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပေါ်ခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။
မကြာသေးမီက ပစ်မှတ်ထား၍ စစ်ဆင်ရေးလုပ်ဆောင်ခဲ့သည့် ဒုက္ခသည်စခန်းများတွင် လာမည့်တစ်နှစ်ပတ်လုံး စစ်တပ်အား အချိန်ကြာမြင့်စွာ ဖြန့်ကြက်ချထားရန် ညွှန်ကြားထားကြောင်း အစ္စရေး ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပြီး နေရပ်စွန့်ခွာလာသော ဒေသခံများ ပြန်လာခြင်းကို တားဆီးမည်ဖြစ်ကြောင်း ၎င်းက ကတိပြုခဲ့သည်။
အစ္စရေး၏ စစ်ဆင်ရေး စတင်ချိန်မှစ၍ ဂျီနင်၊ တာလ်ကမ်နှင့် နူအာရှမ်စ်မြို့ရှိ ဒုက္ခသည်စခန်းများဆီမှ ပါလက်စတိုင်း ၄၀,၀၀၀ ခန့် စွန့်ခွာထွက်ပြေးခဲ့ကြောင်းလည်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1nO

အနောက်ဘက်ကမ်းဒေသ ဂျီနင်မြို့ ဒုက္ခသည်စခန်းရှိ ခိုလှုံနေထိုင်ရာ နေရာများဆီသို့ ပြန်မသွားစေရန် ဟန့်တားနေသော အစ္စရေးစစ်သားများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………….
(English Verison)
Israel orders military to prepare for yearlong West Bank presence as offensives escalate
JERUSALEM, Feb. 23 (Xinhua) — Israeli Defense Minister Israel Katz on Sunday ordered the military to prepare for a yearlong presence in refugee camps in the West Bank as Israel escalates the ongoing large-scale military campaign in the occupied Palestinian territory.
The Israeli military expanded its operations early Sunday into Qabatiya, a city in the northern West Bank, with troops and bulldozers entering the area, according to the Palestinian news agency WAFA. Eyewitnesses reported infrastructure destruction, raids on homes, searches, interrogations, and roads blocked by earth mounds.
Katz said he had instructed the military to prepare for a “prolonged presence for the coming year” in refugee camps targeted by recent operations, vowing to bar displaced residents from returning.
He claimed approximately 40,000 Palestinians had fled camps in Jenin, Tulkarm, and Nur Shams since the campaign began. xhtxs.cn/1nO
English Caption 1,2
Israeli forces take security measures as Israeli army bulldozers demolish houses belonging to Palestinians in the Masafer Yatta district, south of the West Bank city of Hebron, on Feb. 18, 2025. (Photo by Mamoun Wazwaz/Xinhua)
English Caption 3
Israeli soldiers prevent displaced Palestinians in the West Bank city of Jenin from getting back to their houses in the Jenin refugee camp, on Feb. 19, 2025. (Photo by Nidal Eshtayeh/Xinhua)