Politics, Law & Military
မိုးမောက်မြို့နယ်တွင် ငွေကျပ် ၅,၂၈၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ
ရန်ကုန်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် ငွေကျပ် ၅,၂၈၀ သိန်း တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
၂၀၁၈ ခုနှစ်၊ ဧပြီ ၂ ရက်နေ့ ၁၆း၄၅ နာရီ အချိန် တပ်မတော်နှင့် စိန်လုံရဲကင်းစခန်းမှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးမောက်မြို့နယ် လွယ်ဂျယ်-ဗန်းမော်ကားလမ်း စိန်လုံပူးပေါင်း စစ်ဆေးရေးဂိတ်၌ ဘောက်နော်(ခ) ဘောက်လာ မောင်းနှင်လာသည့် မော်တော် ယာဉ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူဆပ်ပြာခွက် ၂၈၂ ခွက် (ဘိန်းဖြူ အလေးချိန် ၂ .၈၂ ကီလို)၊ ငွေ ၂,၄၅၀,၀၀၀ကျပ်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကိုလည်းကောင်း၊ အလားတူ ၁ရး၁၅ နာရီ အချိန် ဆွတ်ရိန်အောင် မောင်းနှင်လာသည့် မော်တော်ယာဉ် ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ဆပ်ပြာခွက် ၂၄၆ ခွက် (ဘိန်းဖြူအလေးချိန် ၂ .၄၆ ကီလို)၊ငွေ ၃၆၀,၀၀၀ကျပ်နှင့် လက်ကိုင်ဖုန်းနှစ်လုံးတို့ကို လည်း ကောင်း၊ စုစုပေါင်း ဘိန်းဖြူဆပ်ပြာခွက် ၅၂၈ ခွက် (ဘိန်းဖြူ အလေးချိန် ၅. ၂၈ ကီလို) သိမ်းဆည်း ရမိခဲ့သဖြင့် ဘောက်နော်(ခ)ဘောက်လာ (၆၇)နှစ်နှင့် ဆွတ်ရိန်အောင် (၃၁)နှစ် တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထား ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)