Connect with us

မြန်မာ-中文

Fentanyl အရေးကိစ္စတွင် အမေရိကန်အနေဖြင့် ကျေးဇူးတရားကို အမုန်းတရားဖြင့် မတုံ့ပြန်သင့်ဟု ဝမ်ရိ ပြောကြား

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေး သတင်းစာရှင်းလင်းပွဲကို ပေကျင်းမြို့ မီဒီယာစင်တာ သတင်းစာရှင်းလင်းပွဲခန်းမတွင် မတ် ၇ ရက်က ကျင်းပခဲ့ရာ ပြည်တွင်းပြည်ပ သတင်းထောက်များ၏ “တရုတ်နိုင်ငံ နိုင်ငံခြားရေးမူဝါဒနှင့် ပြည်ပဆက်ဆံရေး” နှင့် စပ်လျဉ်းသော မေးမြန်းမှုများကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ ဖြေကြားနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မတ် ၇ ရက် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ Fentanyl အရေးကိစ္စနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

တရုတ်နိုင်ငံက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုကို အစဉ်အမြဲ အခိုင်အမာ တိုက်ဖျက်ခဲ့ရာ လက်ရှိ ကမ္ဘာတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးမူဝါဒ အတင်းကျပ်ဆုံး၊ အပြည့်အဝဖော်ဆောင်မှု အရှိဆုံး နိုင်ငံ ဖြစ်ကြောင်း ဝမ်ရိက ထောက်ပြပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် အစောပိုင်းကပင် မိမိတို့သည် အမေရိကန်၏ တောင်းဆိုချက်အရ ကမ္ဘာတွင် ဦးဆုံးအဖြစ် Fentanyl ဒြပ်ပစ္စည်း အမျိုးအစားတစ်ခုလုံးကို ထိန်းချုပ်ပစ္စည်းစာရင်း၌ ထည့်သွင်းခဲ့ကြောင်း၊ အမေရိကန်တွင် Fentanyl အလွဲသုံးခြင်းကမူ အမေရိကန်နိုင်ငံ ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမည့် ပြဿနာ ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံက လူသားချင်းစာနာမှုစိတ်ဓာတ်ဖြင့် အမေရိကန်အတွက် ကူညီမှုအမျိုးမျိုးပေးခဲ့ခြင်းအပေါ် အမေရိကန်အနေဖြင့် ကျေးဇူးတရားကို အမုန်းတရားဖြင့် မတုံ့ပြန်သင့်သလို အကြောင်းမဲ့ စည်းကြပ်ခွန်းတိုးမြှင့်ခြင်းကိုမူ ပို၍ပင် လုပ်၍မရကြောင်း၊ ယင်းမှာ ဝာာဝန်ယူမှုရှိသော နိုင်ငံကြီး၏ လုပ်ရပ်မဟုတ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)
———————–
(Chinese Version)
两会·外长记者会|王毅:在芬太尼问题上美方不应以怨报德
新华社北京3月7日电 中共中央政治局委员、外交部长王毅7日在两会记者会上就芬太尼问题阐明中方立场。
王毅指出,中国一贯坚决打击贩毒制毒,是当今世界禁毒政策最严格、最彻底的国家。早在2019年,我们就应美方请求,在世界上率先列管所有芬太尼类物质。而芬太尼在美国的滥用是美国自身要面对和解决的问题。中方本着人道主义精神,为美国提供了各种帮助,美方不应以怨报德,更不能无端加税,这不是负责任的大国所为。(完)
1. 3月7日,十四届全国人大三次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 李笑 摄