Europe
ရုရှားက ဗြိတိန်သံတမန်နှစ်ဦးကို ပြည်နှင်ဒဏ်ပေး

မော်စကို၊ မတ် ၁၁ ရက် (ဆင်ဟွာ)
မမှန်မကန်သတင်းပေးခြင်း၊ ထောက်လှမ်းရေးနှင့် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်သည်ဟု စွပ်စွဲလျက် ဗြိတိန်သံတမန်နှစ်ဦးကို ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း ရုရှားနိုင်ငံက မတ် ၁၀ ရက်၌ ကြေညာခဲ့သည်။ယင်းဆုံးဖြတ်ချက်အား အသိပေးရန် ဗြိတိန်သံရုံးမှ ကိုယ်စားလှယ်တစ်ဦးကို ဆင့်ခေါ်ခဲ့သည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။”ဖက်ဒရယ်လုံခြုံရေးဌာန (FSB) ရဲ့ တန်ပြန်ထောက်လှမ်းရေး လုပ်ဆောင်ချက်အရ မော်စကိုမြို့ရှိ ဗြိတိန်သံရုံးကို အကာအကွယ်ယူပြီး ဗြိတိန်ရဲ့ ကြိုတင်အသိမပေးဘဲ ထောက်လှမ်းသတင်းယူမှုတွေ ရှိနေတယ်ဆိုတာကို ဖော်ထုတ်တွေ့ရှိရပါတယ်” ဟု FSB က ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ရုရှားက ပြည်နှင်ဒဏ်ပေးမည့် ဗြိတိန်သံတမန်နှစ်ဦးမှာ ဒုတိယအတွင်းဝန် အယ်လ်ကက်ရှ် အိုဒီဒရာနှင့် ဗြိတိန်သံရုံး၏ နိုင်ငံရေးဌာန ပထမအတွင်းဝန်၏ ခင်ပွန်းဖြစ်သူ မိုက်ကယ် စကင်နာတို့ဖြစ်ကြောင်း FSB က ထုတ်ဖော်ပြောကြားခဲ့သည်။
“အဲဒီအပေါ်အခြေခံပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တခြား သက်ဆိုင်ရာဌာနတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပြီး အယ်လ်ကက်ရှ် အိုဒီဒရာနဲ့ မိုက်ကယ် စကင်နာတို့အပေါ် သံတမန် အသိအမှတ်ပြုမှုကို ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့အနေနဲ့ နှစ်ပတ်အတွင်း ရုရှားနိုင်ငံကနေ ထွက်ခွာရမှာဖြစ်ပါတယ်” ဟု FSB ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
#Russia #BritishDiplomats #Expulsion #ရုရှား #ဗြိတိန်သံတမန်များ #ပြည်နှင်ဒဏ်ပေးခြင်း
—————————–
Russia expels 2 British diplomats
MOSCOW, March 10 (Xinhua) — Russia on Monday announced the expulsion of two British diplomats for allegedly “providing false information and conducting intelligence and disruptive activities.”
The Russian foreign ministry said a representative of the British embassy had been summoned to be informed of the decision.
“The Service’s counterintelligence operations exposed the unreported intelligence presence of the United Kingdom under the cover of the country’s embassy in Moscow,” Russia’s Federal Security Service (FSB) said in a statement.
The FSB identified the two British diplomats to be ousted as second secretary Alkesh Odedra and Michael Skinner, the spouse of the first secretary of the embassy’s political department.
“On this basis, the Russian Foreign Ministry, in coordination with other relevant agencies, decided to strip Alkesh Odedra and Michael Skinner of accreditation. They are required to leave Russia within two weeks,” said the statement.
English Caption
This photo taken on May 10, 2024 shows the Russian Ministry of Foreign Affairs in Moscow, Russia. (Xinhua/Cao Yang)