Connect with us

Europe

ဥရောပက ယူကရိန်းတွင် အပစ်အခတ် ရပ်စဲနိုင်ဖွယ်ရှိသည့်အပေါ် ကြိုဆိုလျက်ရှိသလို အနာဂတ် လုံခြုံရေး အာမခံချက်များအတွက်လည်း ပြင်ဆင်လျက်ရှိ

ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂ ရုံးချုပ်၌ ဥရောပသမဂ္ဂ (အီးယူ) အလံနှင့် ယူကရိန်းအလံတို့ လွှင့်ထူထားပုံကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ မတ် ၁၂ ရက် (ဆင်ဟွာ)
ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ယာယီအားဖြင့် ရက် ၃၀ ကြာ ချက်ချင်း အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်၏ အဆိုပြုချက်အား ယူကရိန်းဘက်က မတ် ၁၁ ရက်၌ သဘောတူညီခဲ့ကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။
ယူကရိန်းအနေဖြင့် အမေရိကန်ဘက်က တဖန်ပြန်၍ ပေးအပ်မည့် လုံခြုံရေးအကူအညီများကို လက်ခံရရှိမည်ဖြစ်သလို အမေရိကန်အနေဖြင့်လည်း ယူကရိန်း၏ ဓာတ်သတ္တု အရင်းအမြစ်များ ရယူခွင့်အတွက် ကနဦး သဘောတူညီမှု ရရှိခဲ့သည်ဟု ဥရောပပါဝင်ခြင်းမရှိဘဲ ကျင်းပခဲ့သည့် အဆိုပါ ဆွေးနွေးပွဲအပြီး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းဆွေးနွေးပွဲမှ ချန်လှပ်ခံခဲ့ရသော်လည်း ဥရောပခေါင်းဆောင်များက အမေရိကန်နှင့် ယူကရိန်းကြား တိုးတက်မှုရရှိခဲ့ခြင်းကို ကြိုဆိုခဲ့သလို တစ်ဖက်တွင်လည်း ဥရောပတိုက်၏ ကာကွယ်ရေးစွမ်းရည် အခိုင်အမာ တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းလျက်ရှိသည်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ယင်းအစည်းအဝေးမှာ အကျိုးရှိ၍ အပြုသဘောဆောင်သည်ဟု X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ရေးသားခဲ့သည်။ “လက်ရှိမှာ အဲဒီအတိုင်းလုပ်ဆောင်လာအောင် ရုရှားကို စည်းရုံးဖျောင်းဖျဖို့က အမေရိကန်အပေါ်မှာ မူတည်နေပါတယ်။ ရုရှားဘက်က သဘောတူမယ်ဆိုရင် အပစ်အခတ်ရပ်စဲမှုက ချက်ချင်းအသက်ဝင်လာမှာပါ” ဟု ၎င်းက အခိုင်အမာပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်၊ ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတားမာတို့ နှစ်ဦးစလုံးကလည်း အဆိုပါ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ကြိုဆိုခဲ့ကြသည်။ (Xinhua)

ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါမြို့တွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

…………………
(English Version)
Europe welcomes possible ceasefire in Ukraine while preparing for future security guarantees
PARIS, March 11 (Xinhua) — Ukraine agreed on Tuesday to a U.S. proposal for an “immediate, interim 30-day ceasefire” following talks with a U.S. delegation in Jeddah, Saudi Arabia, according to a joint statement.
The talks, notably held without European participation, resulted in the statement that Ukraine would receive renewed U.S. security assistance and America got preliminary approval for access to Ukraine’s mineral resources.
Despite being left out of negotiations, European leaders welcomed the progress made between the United States and Ukraine while continuing efforts to strengthen the continent’s defense capabilities.
Ukrainian President Volodymyr Zelensky described the meeting as “good and constructive” on the social media platform X. “Now, it is up to the United States to convince Russia to do the same. If Russia agrees, the ceasefire will take effect immediately,” he stated.
French President Emmanuel Macron and British Prime Minister Keir Starmer both welcomed the ceasefire proposal.
English Caption 1
Flags of European Union (EU) and Ukraine are seen at the EU headquarters in Brussels, Belgium, Feb. 24, 2025. (Xinhua/Zhao Dingzhe)
English Caption 2
U.S. and Ukrainian delegations meet in Jeddah, Saudi Arabia, March 11, 2025. (Xinhua/Wang Dongzhen)