Connect with us

Africa & Middle East

နိုင်ငံတကာ မှ ဖိအားပေးမှုများ ရှိနေသည့်ကြားက အီရတ်တွင် အကြမ်းဖက်တရားခံ ၁၃ဦးအား ကွပ်မျက်

အီရတ်နိုင်ငံရှိ အထက်တရားရုံးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘဂ္ဂဒတ်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ)

အီရတ်နိုင်ငံ က နိုင်ငံတကာ မှ သေဒဏ်ပေးမှုကို အဆုံးသတ်ရန် ဖိအားပေးမှုများ ရှိနေသော်လည်း အကြမ်းဖက်ပြစ်မှုများဖြင့် စွဲချက်တင်ခံထားရသော အကျဉ်းသား ၁၃ဦးကို ကွပ်မျက်ခဲ့ကြောင်း ဧပြီ ၁၇ ရက်တွင် ပြောကြားခဲ့သည်။

အီရတ်နိုင်ငံ တရားရေးရာဝန်ကြီးဌာန က ကားဗုံးခွဲမှုများ၊ လုံခြုံရေးအဖွဲ့ဝင်များအား သတ်ဖြတ်မှု နှင့် ပြန်ပေးဆွဲမှုများဖြင့် တရားခံ ၁၁ဦးအား စွဲချက်တင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ပြောကြားခဲ့ပြီး အခြားတရားခံ ၂ဦး နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိကြောင်း သိရသည်။

ဝန်ကြီးဌာနသည် မည်သည့်ဖိအားပေးမှုကိုမျှ လက်မခံဘဲ ဥပဒေအတိုင်း ပြီးမြောက်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။အီရတ်နိုင်ငံတွင် သေဒဏ်ပေးမှုများ မြင့်တက်လာခြင်းကြောင့် အီရတ်နိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့အစည်း၊ ဥရောပသမဂ္ဂ နှင့် အခြားနိုင်ငံတကာ လူအခွင့်အရေးအုပ်စုများက အီရတ်နိုင်ငံ တရားရုံးများ၏ ပွင့်လင်းမြင်သာမှုမရှိခြင်းကို ဝေဖန်ခဲ့ပြီး ယင်းပြစ်ဒဏ်အား အဆုံးသတ်ရန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။အီရတ်နိုင်ငံတွင် သေဒဏ်ပေးခြင်းကို ၂၀၀၃ခုနှစ် ဇွန်၁၀ရက်တွင် ရပ်ဆိုင်းထားခဲ့ပြီး ၂၀၀၄ခုနှစ် သြဂုတ် ၈ရက်တွင် ပြန်လည်ကျင့်သုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.