Connect with us

Environment, Disasters & Accidents

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့အနီး ၄ ရက် ဆက်တိုက် ငလျင် လှုပ်ခတ်

ဖြူးမြို့ အနီး ယနေ့ လှုပ်ခတ်ခဲ့သည့် မြေငလျင် တည်နေရာပြ မြေပုံ (ဓာတ်ပုံ-မိုး/ဇလ)

ရန်ကုန် ၊ ဧပြီ ၂၃ ရက်(ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့အနီး ယခု ရက်ပိုင်း ဧပြီ ၂၀ ရက်မှ ယနေ့ ဧပြီ ၂၃ ရက် အထိ ငလျင် နေ့စဉ် လှုပ်ခတ်နေလျက် ရှိကြောင်း မိုးလေဝသ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်မှုများ အရ သိရသည်။

ယနေ့ ဧပြီ ၂၃ ရက် နံနက်ပိုင်းတွင် ဖြူးမြို့၏ အနောက်တောင်ဘက်(၂၉)မိုင် ခန့်အကွာ ၊ အနက် (၁၇)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း သိရသည်။ပဲခူးတိုင်းဒေသကြီး ၊ ဖြူးမြို့ အနီး ဧပြီ ၂၀ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၄.၈)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင် လှုပ်ခတ်ခဲ့ပြီး ဧပြီ ၂၁ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၅.၂)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခုထပ်မံ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

၎င်းနေရာအနီးတစ်ဝိုက်တွင် ဧပြီ ၂၂ ရက်တွင် အင်အားရစ်(ခ်)တာစကေး (၄.၁)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု နှင့် အင်အားရစ်(ခ်)တာစကေး (၅.၁)အဆင့်ရှိ အင်အားအသင်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ယခု လှုပ်ခတ်ခဲ့သည့် မြေငလျင်များသည် ဇန်နဝါရီ လဆန်းပိုင်းတွင် ပဲခူးရိုးမအတွင်း၌ ပြင်းအား ပမာဏ ၆.၀ ရှိ ငလျင်လှုပ်ပြီးနောက် နောက်ဆက်တွဲ လှုပ်ခတ်ခဲ့သည့် ငလျင်များ ဖြစ်ပြီး ၎င်းငလျင်ဒဏ်အား အနီးရှိ မြို့များမှ သိရှိ ခံစားမိမှု တချို့သာ ရှိခဲ့ကြောင်း ၊ ထိခိုက် ပျက်စီးမှု သတင်းများ ယခုချိန်ထိ ရရှိမှု မရှိကြောင်း မြေငလျင် ဌာနခွဲမှ သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117