Connect with us

Media

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ထောက်ပံ့ပေးသော သဘာဝဘေးကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေ

မန္တလေး၊ ဧပြီ ၁၁ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် ဆင့်ပွားဘေးအန္တရာယ်များ (Secondary Disasters) များ အဆက်မပြတ် ဖြစ်ပွားခဲ့ပြီး နောက်ဆက်တွဲငလျင်များ၊ လေပြင်းမုန်တိုင်း၊ အပူချိန်မြင့်မားမှု စသည်တို့ကြောင့် အိမ်ရာများဆုံးရှုံးသွားသော ငလျင်သင့်ပြည်သူများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိပါသည်။ ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီးရှိ ရွာတစ်ရွာ၌ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး တစ်ရွာလုံးသည် ငလျင်နှင့် မီးလောင်ကျွမ်းမှုတို့၏ ဘေးဒုက္ခ နှစ်ခု တစ်ပြိုင်နက် ထိုးနှက်မှုကြောင့် “ရုပ်ပိုင်းဆိုင်ရာ ဖျက်ဆီးခံ” ခဲ့ရကာ ထိုနေရာဒေသရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများ အသက်ရှင်နေထိုင်မှုကို ပိုမိုခက်ခဲလာစေခဲ့ပါသည်။ တရုတ်ကယ်ဆယ်ရေးအင်အားများက ကယ်ဆယ်ရေးပစ္စည်းများ အချိန်မီ ညှိနှိုင်းစုဆောင်း၍ ထိုနေရာရှိ သဘာဝဘေးဒဏ်သင့်ပြည်သူများ အိမ်ထောင်စု ၄၃၆ စုအတွက် အရေးပေါ် လူနေမှု ဘဝပစ္စည်းများ ဖြန့်ဝေပေးခဲ့ကာ ပြည်သူများ၏ အရေးပေါ်အခက်အခဲကို ဖြေရှင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.