Politics, Law & Military
တရုတ်နိုင်ငံ နှင့် အိန္ဒိယ နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှုမြှင့်တင်ရန် တရုတ်သမ္မတ အဓိကထားပြောကြား
ဝူဟန်၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က တရုတ်-အိန္ဒိယ ဆက်ဆံရေး တည်ငြိမ်စွာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အပြန်အလှန်ယုံကြည်မှုသည် အခြေခံတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရှီက တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့၌ ဧပြီ ၂၇ ရက် နှင့် ၂၈ရက်တွင် အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ နှင့် အလွတ်သဘောတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ရှီက နှစ်နိုင်ငံစလုံးသည် မဟာဗျူဟာမြောက် အမြင်ဖြင့် တရုတ်-အိန္ဒိယ ချစ်ကြည်ရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သင့်ပြီး အပြန်အလှန်ယုံကြည်နားလည်မှုကို မြှင့်တင်ကာ တည်ရှိပြီးသား ရင်းနှီးချစ်ခင်သည့် ခံစားချက်များ နှင့် အပြန်အလှန်ယုံကြည်မှုများ ပိုမိုနက်ရှိုင်းလာစေရန် နှစ်နိုင်ငံ ပြည်သူများ နှင့် ကဏ္ဍအားလုံးကို အဆင်မြှင့်တင်ပေးသင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)