China
ဝမ်ရိနှင့် ဆေးရှဲလ်စ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Barry Faure တွေ့ဆုံဆွေးနွေး
ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဆေးရှဲလ်စ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Barry Faure နှင့် မေ ၁၈ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက နှစ်နိုင်ငံအကြီးအကဲများ၏ ဦးဆောင်မှုအောက်တွင် တရုတ်-ဆေးရှဲလ်စ် ဆက်ဆံရေး တိုးတက်မှု အလွန်ကောင်းမွန်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဆေးရှဲလ်စ်နိုင်ငံနှင့်အတူ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်ကို အခါအခွင့်အဖြစ် ထားရှိကာ တရုတ်-ဆေးရှဲလ်စ် ဆက်ဆံရေး ပိုမိုမြင့်မားသောအဆင့်သို့ စဉ်ဆက်မပြတ် တက်လှမ်းရေး တွန်းအားပေး ဆောင်ရွက်သွားလိုကြောင်း၊ သမ္မတ ရှီကျင့်ဖိန် ကြေညာခဲ့သည့် အာဖရိကနိုင်ငံများအပေါ် အခွန်သုညမူဝါဒ ဘက်စုံ ဖော်ဆောင်မှုကို အခါအခွင့်အဖြစ် ထားရှိကာ ဆေးရှဲလ်စ်နိုင်ငံအပါအဝင် အာဖရိကနိုင်ငံများအတွက် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများ ပိုမိုပံ့ပိုးသွားလိုကြောင်း ပြောကြားခဲ့သည်။
Barry Faure က ဆေးရှဲလ်စ်နိုင်ငံနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လက်ကိုင်ထားကျင့်သုံးကြောင်း၊ ယင်းရပ်တည်ချက်မှာ နောင်အခါတွင်လည်း စိုးစဉ်းမျှ ယိမ်းယိုင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဆေးရှဲလ်စ်နိုင်ငံအနေဖြင့် သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်အား အားပေးထောက်ခံကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာ ကူးလူးဖလှယ်မှုများကို နီးကပ်စေရေး၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစေရေး လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
王毅同塞舌尔外交部长富尔会谈
新华社北京5月18日电 中共中央政治局委员、外交部长王毅18日在北京同塞舌尔外交部长富尔举行会谈。
王毅表示,在两国元首引领下,中塞关系发展得很好。中方愿同塞方以建交50周年为契机,推动中塞关系不断迈向更高水平,以习近平主席宣布的对非零关税全面落地为契机,为包括塞舌尔在内的非洲国家提供更多发展机遇。
富尔表示,塞方重申坚持一个中国政策,这一立场今后也将毫不动摇。塞方支持习近平主席提出的四大全球倡议,愿同中方密切高层交往,深化务实合作。(完)
1. 5月18日,中共中央政治局委员、外交部长王毅在北京同塞舌尔外交部长富尔举行会谈。 新华社记者申宏摄
