Connect with us

China

တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ ဝင်ရောက်စွက်ဖက်မှုက မရိုးသားသော အကြံအစည်ဖြစ်

ရေကြောင်း ကင်းလှည့်ခြင်းနှင့် စောင့်ကြည့်ခြင်းလေ့ကျင့်မှုအတွင်း ပင်လယ်ပြင်အခြေအနေကို စောင့်ကြည့်လေ့လာနေသော ချွမ်းဆန်း ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်မှ တရားဥပဒေစိုးမိုးရေးဝန်ထမ်း လျောက်ကျင့်လုန်အား ၂၀၂၆ ခုနှစ် မေ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၉ ရက် (ဆင်ဟွာ)

လတ်တလောတွင် တောင်တရုတ်ပင်လယ်နယ်နိမိတ်ပြင်ပနိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် တောင်တရုတ်ပင်လယ်ပြင်တွင် လှုပ်ရှားမှုများ ခပ်စိပ်စိပ်ပြုလုပ်လာပြီး ရန်စလိုသော သဘောထားများ ပြင်းပြင်းထန်ထန်ရှိနေပေသည်။
အမေရိကန်-ဖိလစ်ပိုင်၏ “Balikatan” ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် ဂျပန်သည် ပထမအကြိမ် စစ်ဆင်ရေးသမားများ ကျယ်ကျယ်ပြန့်ပြန့်စေလွှတ်ခဲ့ပြီး ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီက သွားရောက်ကြည့်ရှုခဲ့သည့်နေ့တွင် Type 88 ကမ်းရိုးတန်းအခြေစိုက် သင်္ဘောဖျက်ဒုံးကျည်ကို ပြောင်ပြောင်တင်းတင်း ပစ်လွှတ်ခဲ့သည်။ ပိုမိုဆိုးရွားသည်မှာ လေ့ကျင့်မှုတွင် ပါဝင်ခဲ့သော ဂျပန်ဖျက်သင်္ဘော Ikazuchi သည် မကြာသေးမီက ထိုင်ဝမ်ရေလက်ကြားတွင် ၁၀ နာရီကျော်ကြာ ခိုးကြောင်ခိုးဝှက် လှည့်လည်သွားလာနေခြင်းဖြစ်သည်။ ထို့အပြင် ရှင်ဂျီရို ကိုအီဇူမီ၏ ဖိလစ်ပိုင်ခရီးစဉ်အတွင်း ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီးနှင့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ကာ ဂျပန်နှင့် ဖိလစ်ပိုင်နိုင်ငံ အနီးဝန်းကျင်တွင် တရုတ်နိုင်ငံ၏ “အန္တရာယ်ရှိသော ဖိအားပေးမှု” ဆိုသည့်အပေါ် “ပြင်းပြင်းထန်ထန် စိုးရိမ်ပူပန်သည်” ဟု မဟုတ်မမှန်အခြေအမြစ်မရှိ ပြောဆိုခဲ့သည်။ ဒေသတွင်းပြင်ပနိုင်ငံတစ်ခုက တောင်တရုတ်ပင်လယ်တွင် ပြဿနာများဖြစ်ပွားစေရန် လှုံ့ဆော်ခြင်း၊ အင်အား ပြသနေခြင်းသည် ၎င်း၏ ပထဝီနိုင်ငံရေးဆိုင်ရာ ကြံစည်မှုများနှင့် စစ်တပ်ဖွဲ့စည်း၍ လက်နက်အင်အားချဲ့ထွင်မှု လောဘစိတ်ကို ထင်ရှားလှပေသည်။

သမိုင်းရှုထောင့်မှကြည့်လျှင် တောင်တရုတ်ပင်လယ်အရေးတွင် ဂျပန်နိုင်ငံသည် ပြင်းထန်သော သမိုင်းပြစ်မှုတာဝန်များရှိရာ တောင်တရုတ်ပင်လယ်အရေးတွင် ထင်ရာလျှောက်ပြောခွင့်လုံးဝပင်မရှိပါ။ ၁၉ ရာစုနှောင်းပိုင်းတွင် ဂျပန်စစ်ဝါဒီ၏ နယ်ချဲ့လိုသော လောဘစိတ်သည် အရှိန်မြင့်တက်လာပြီး တောင်တရုတ်ပင်လယ်အပေါ် စတင်မျက်စိကျလာခဲ့သည်။ ၁၉၀၇ ခုနှစ်တွင် ဂျပန်အစိုးရသည် တုန်းရှားကျွန်းစုတွင် စီးပွားရေးသမား Nishizawa ပါဝင်ပတ်သက်မှုကို လက်လွတ်စပယ်ပြုခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်သည် တောင်တရုတ်ပင်လယ်ကို ၎င်းတို့ တောင်ဘက်သို့ ဦးတည်ရေး မဟာဗျူဟာမြောက် အရေးပါသော နေရာအဖြစ် ထားရှိကာ ရှီးရှားနှင့် နန်ရှားကျွန်းစုများကို အတင့်ရဲစွာ သိမ်းပိုက်ခဲ့ပြီး တရုတ်နှင့် ဒေသတွင်းနိုင်ငံများအပေါ် ရာဇဝတ်မှုများစွာ ကျူးလွန်ခဲ့သည်။

စစ်အပြီးတွင် “ကိုင်ရိုကြေညာချက်” ၊ “ပေါ့စ်ဒမ်ကြေညာချက်” စသည့် နိုင်ငံတကာ စာရွက်စာတမ်းများအရ ဂျပန်နိုင်ငံ ခိုးယူသွားသော တောင်တရုတ်ပင်လယ်ကျွန်းစုများ အပါအဝင် တရုတ်နိုင်ငံ နယ်မြေပိုင်နက်များအားလုံးကို ဥပဒေကြောင်းအရနှင့် အမှန်တရားအရ တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်ခဲ့သည်။ ယခုနှစ်သည် တိုကျိုရုံးတင်စီရင်မှု စတင်ခြင်း နှစ် ၈၀ ပြည့် ဖြစ်သော ထူးခြားသည့် အချိန်အခါတွင် ယခင်က ဤကျူးကျော်ခဲ့သူများသည် သမိုင်းပြစ်မှုများကို နက်နက်ရှိုင်းရှိုင်း ပြန်လည်ဆင်ခြင်သုံးသပ်ခြင်း မရှိသည့်အပြင် “လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု” ဟူသော ခေါင်းစဉ်ကို အကြောင်းပြကာ တောင်တရုတ်ပင်လယ်သို့ ပြန်လည်လာရောက်ကာ အင်အားပြသခြင်းများပြုလုပ်ခဲ့သည်။ သမိုင်းအဖြစ်မှန်များကို လျစ်လျူရှုခြင်း၊ အမှားကို အမှန်ပြောသည့် ဤလုပ်ရပ်သည် စစ်ပြီးကာလ နိုင်ငံတကာစည်းစနစ်ကို ပြောင်ပြောင်တင်းတင်း ရန်စမှုတစ်ခုဖြစ်သလို “သူခိုးက လူပြန်ဟစ်” သည့် လုပ်ရပ်စစ်စစ်ပင်ဖြစ်သည်။
လက်တွေ့ရှုထောင့်မှကြည့်လျှင် ဂျပန်သည် တောင်တရုတ်ပင်လယ်တွင် ဝင်ရောက်စွက်ဖက်ရန် ဇွဲနပဲမလျှော့ဘဲ လုပ်ဆောင်နေခြင်းသည် ၎င်း၏ ဆိုးရွားသော ပထဝီနိုင်ငံရေးလောဘစိတ်များကို ဖော်ထုတ်ပြသနေသည်။ မကြာသေးမီနှစ်များအတွင်း ဂျပန်နိုင်ငံသည် ဂိုဏ်းဂဏဖွဲ့၍ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့သည်။

ဂျပန်အဆင့်မြင့်အရာရှိများသည် လတ်တလောတွင် အရှေ့တောင်အာရှသို့ မကြာခဏ ခရီးစဉ်များ သွားရောက်၍ “တရုတ်ခြိမ်းခြောက်မှု” ဟူ၍ အထိန်းအကွပ်မဲ့ ချဲ့ကားပြောဆိုပြီး “လွတ်လပ်၍ တံခါးဖွင့်လှစ်မှုသော အင်ဒို-ပစိဖိတ်” အယူအဆ ဗားရှင်းအသစ်ဟူသည်ကို မြှောက်ပင့်ပြောဆိုပြီး ပင်လယ်ရေကြောင်းဆိုင်ရာကိစ္စရပ်များကို အကြောင်းပြကာ ဒေသတွင်းတင်းမာမှုများကို ချဲ့ကားပြောဆိုခဲ့သည်။ ဂျပန်သည် အရှေ့တရုတ်ပင်လယ်၊ ထိုင်ဝမ်ရေလက်ကြားနှင့် တောင်တရုတ်ပင်လယ် အရေးကိစ္စရပ်များကို အပြန်အလှန် ချည်နှောင်ထားရန်လည်း ကြံစည်နေပြီး စစ်ရေးခြေလှမ်းများကိုလည်း အဆက်မပြတ် ချဲ့ထွင်လျက်ရှိသည်။
လေ့ကျင့်မှုတွင် ပါဝင်ခဲ့သော ဂျပန်စစ်င်္ဘော Ikazuchi သည် ထိုင်ဝမ်ရေလက်ကြားတွင် ရန်စမှုများ ပြုလုပ်ခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်သို့ တိုက်ရိုက် ဦးတည်မောင်းနှင်သွားခြင်းသည် ထိုအကြံအစည်၏ အစစ်အမှန်ပုံရိပ်ဖြစ်သည်။ ထို့အပြင် ဂျပန်သည် ဖိလစ်ပိုင်စသည့် နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာလုပ်ဆောင်ခဲ့ပြီး ဒေသတွင်းနိုင်ငံများသို့ လက်နက်ကိရိယာများ ရောင်းချပေးခဲ့သည်။ လှုံ့ဆော်မှု၊ ပွတ်တိုက်မှု၊ “ဘေးဒုက္ခများကို တောင်ဘက်သို့ ဦးတည်စေမှု” တို့မှတစ်ဆင့် ဒေသတွင်းနိုင်ငံများအား အမေရိကန်-ဂျပန် မဟာမိတ်၏ စစ်ရထားပေါ်တွင် တင်ဆောင်သွားမည်ဖြစ်သည်။ ဤလုပ်ရပ်များအားလုံးသည် ဝိသမလောဘသမားတို့၏ အကြံအစည်များကို လူတိုင်းသိရှိသည်မှာ ထင်ရှားပေသည်။

ပိုမိုနက်ရှိုင်းသော ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာလျှင် တောင်တရုတ်ပင်လယ်တွင် ဂျပန်၏ ဝင်ရောက်စွက်ဖက်မှုသည် “ထပ်မံစစ်ရေးအသွင်ပြောင်းမှု” နှင့် စစ်တပ်ဖွဲ့စည်း၍ လက်နက်အင်အားချဲ့ထွင်မှု ဟူသည့် မဟာဗျူဟာမြောက် လောဘစိတ် အောင်မြင်ရန် အသုံးချသည့် နည်းလမ်းလည်း ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ဂျပန် လက်ယာယိမ်းအင်အားစုများသည် စစ်ပြီးကာလ “ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ” ၏ ကန့်သတ်ချက်များကို အဆက်မပြတ် ချိုးဖောက်ခဲ့ပြီး ၎င်း၏ လုံခြုံရေးမူဝါဒသည် ထိုးစစ်ဆင်မှု၊ တိုးချဲ့မှု ဦးတည်ချက်သို့ အလျင်အမြန် ပြောင်းလဲလာခဲ့သည်။ ယခုအကြိမ် အမေရိကန်-ဖိလစ်ပိုင် ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွင်း ကမ်းရိုးတန်းအခြေစိုက် သင်္ဘောဖျက်ဒုံးကျည် ပစ်လွှတ်ခြင်းသည် ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံက ပထမဆုံးအကြိမ် ဖိလစ်ပိုင်တွင် ထိုးစစ်အသွင်ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်ရာ ၎င်းက “ကာကွယ်ရေးကိုသာ သီးသန့်ဦးတည်ခြင်း” အခြေခံမူကို စွန့်လွှတ်မည့် အန္တရာယ်ရှိသော သတင်းစကားကို တစ်ဆင့်တိုး ထုတ်လွှင့်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂျပန်အစိုးရသည် “ကာကွယ်ရေးပစ္စည်း လွှဲပြောင်းမှု အခြေခံမူသုံးရပ်” အား ကျယ်ကျယ်ပြန့်ပြန့်ပြင်ဆင်ခဲ့ပြီး ဖိလစ်ပိုင် စသည့် နိုင်ငံများသို့ ဖရီးဂိတ်စစ်သင်္ဘောဟောင်း စသဖြင့် လူသေစေနိုင်သည့် လက်နက်များကို တင်ပို့ သို့မဟုတ် အခမဲ့ ပေးအပ်ရန် စီစဉ်ထားခြင်း၏ အမှန်စင်စစ်မှာ ဒေသတွင်း လက်နက်တင်ပို့မှုစနစ် တစ်ရပ် တည်ဆောက်ရန် အခြေအနေစောင့်ကြည့်စမ်းသပ်ခြင်းဖြစ်ပြီး ယင်းကို အသုံးချကာ ဂျပန် စစ်ရေးအင်အားကို ပြည်ပသို့ တိုးချဲ့ရေး ဖော်ဆောင်ရန် ဖြစ်သည်။ အနီးဝန်းကျင်နိုင်ငံများအား လုံခြုံရေး စိုးရိမ်ပူပန်ရန် လှုံ့ဆော်ခြင်း၊ “ပြင်ပ ခြိမ်းခြောက်မှု” ဖန်တီးခြင်းတို့သည် လက်နက်ပြင်ဆင်မှုများ ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ရန်၊ နောက်ဆုံးတွင် “စစ်ဝါဒ ပုံစံအသစ်” ပြန်လည်ရှင်သန်လာရန်အထိ ဂျပန်၏ အသုံးပြုလေ့ရှိသော လှည့်ကွက်များဖြစ်သည်။
တောင်တရုတ်ပင်လယ်သည် ဒေသတွင်းနိုင်ငံများ ဘုံမိသားစုဥယျာဉ်ဖြစ်ပြီး နောက်ကွယ်မှ မသမာသူများ ကိုယ်ကျိုးရှာခြင်း၏ စစ်တုရင် လုံးဝမဖြစ်သင့်ပေ။ ဂျပန်နိုင်ငံသည် ကိုယ်ကျိုးတစ်ခုတည်းအတွက် အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှု၊ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်မှုများကို တောင်တရုတ်ပင်လယ်သို့ တဇွတ်ထိုး သယ်ဆောင်လာခဲ့ရာ ယင်းမှာ အာရှ-ပစိဖိတ် အေးချမ်းတည်ငြိမ်ရေးကို ဖျက်ဆီးသော ဘေးဒုက္ခအရင်းမြစ် ဖြစ်လာခဲ့သည်။ မီးနှင့်ကစားသောသူသည် ၎င်းကိုယ်တိုင် မုချမီးလောင်ခံရမည်ဖြစ်ကြောင်း သမိုင်းကြောင်းက ထပ်ခါထပ်ခါ သက်သေပြခဲ့သည်။ ပြင်ပအင်အားစုများ စည်းရုံးကာ ပထဝီဝင်နိုင်ငံရေး ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်ရန်၊ ဒေသတွင်း တည်ငြိမ်မှုကို ဖျက်ဆီးရန် မည်သည့် ကြံစည်မှုလုပ်ရပ်မဆို နောက်ဆုံးတွင် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ တစ်ပြိုင်နက်တည်း ရှုတ်ချမှုကို ခံရမည်ဖြစ်သည်။ (Xinhua)

………………………
(Chinese Version)
新华时评|日本搅局南海居心叵测
新华社北京5月18日电 题:日本搅局南海居心叵测
新华社记者
近期,作为南海域外国家的日本,在南海方向动作频频,挑衅意味浓厚。
在美菲“肩并肩”联合军演中,日本首次大规模派遣作战人员,更在防卫大臣小泉进次郎现身观摩当天,公然发射88式岸基反舰导弹。尤为恶劣的是,参演的日本“雷”号驱逐舰不久前在台湾海峡鬼鬼祟祟滞留10多个小时。此外,小泉进次郎访菲期间,同菲防长发表联合声明,妄称对中国在日菲周边所谓“危险胁迫”表示“严重关切”……一个域外国家在南海惹是生非、大秀肌肉,其背后的地缘算计与整军扩武野心昭然若揭。
从历史上看,日本在南海问题上负有严重的历史罪责,根本没有资格对南海事务说三道四。19世纪末,日本军国主义扩张野心急剧膨胀,开始将目光投向南海。1907年,日本政府纵容商人西泽吉次染指东沙群岛。二战期间,日本将南海作为其南进战略重要支点,悍然侵占西沙、南沙群岛,对中国和地区国家犯下累累罪行。战后,根据《开罗宣言》《波茨坦公告》等国际法文件,被日本窃取的中国领土包括南海岛礁在内,均从法律和事实上归还中国。今年正值东京审判开庭80周年的特殊节点,这个曾经的侵略者非但没有深刻反省历史罪行,反而打着所谓“安全合作”的幌子重返南海耀武扬威。这种罔顾历史前科、颠倒黑白的行径,是对战后国际秩序的公然挑衅,更是彻头彻尾的“贼喊捉贼”。
从现实来看,日本不遗余力在南海搅局,暴露出其险恶的地缘政治野心。近年来,日本企图拉帮结派搞阵营对抗。日本高官近期频频访问东南亚,大肆渲染所谓“中国威胁”,鼓吹所谓新版“自由开放印太”构想,借涉海议题渲染地区紧张局势。日本还妄图将东海、台海和南海问题相互捆绑,不断扩大军事触角延伸的范围,其参演舰艇“雷”号在台海挑衅后直奔南海便是这一图谋的真实写照。此外,日本积极推动与菲律宾等国防务合作,并向地区国家兜售武器装备,通过挑动摩擦、“祸水南引”将地区国家绑上美日同盟的战车。凡此种种,可谓司马昭之心,路人皆知。
从更深层次剖析,在南海搅局还是日本谋求“再军事化”、整军扩武战略野心的一块敲门砖。近年来,日本右翼势力不断突破战后“和平宪法”的约束,其安保政策朝着进攻性、扩张性的方向加速蜕变。此次在美菲联合军演中发射岸基反舰导弹,是二战后日本首次在菲律宾发射进攻型导弹,进一步释放出其抛弃“专守防卫”原则的危险信号。与此同时,日本政府大幅修改“防卫装备转移三原则”,拟向菲律宾等国出口或无偿提供旧护卫舰等杀伤性武器,其实质是为构建地区武器出口体系投石问路,借机实现日本军事力量向海外扩张。煽动周边安全焦虑、人为制造“外部威胁”,正是日本为大幅扩充军备,乃至最终复活“新型军国主义”铺路的惯用伎俩。
南海是地区国家的共同家园,绝非别有用心者谋取私利的棋盘。日本为一己之私,执意将阵营对抗和军事对抗引入南海,已经成为破坏亚太和平安宁的祸源。历史反复证明,玩火者必自焚。任何企图拉拢外部势力搞地缘对抗、破坏地区稳定的行径,终将遭到地区国家和国际社会的同声唾弃。(完)
图说:5月5日,海警川山舰执法员廖静龙在巡航警戒演练中瞭望海面情况。新华社记者 陈斌 摄


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117