Connect with us

Science & Technology

တရုတ်နိုင်ငံ တောင်ပိုင်း ရှိ နျူကလီးယား ဓါတ်ပေါင်းဖို ၏ တတိယမြောက် ယူနစ် စတင်လည်ပတ်

ရန်ကျန်း နျူကလီးယား ဓါတ်ပေါင်းဖိုအားမြင်တွေ့ရစဉ် (ဆင်ဟွာ)

ရှင်းကျန်း၊ အောက်တိုဘာ ၂၀ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံးပြည်နယ်ရှိ ရန်ကျန်း နျူကလီးယား ဓါတ်ပေါင်းဖို ၏ တတိယမြောက် ယူနစ် အား အောက်တိုဘာလ ၁၈ ရက်က စတင် လည်ပတ် နိုင်ခဲ့ကြောင်း အဆိုပါ ဓါတ်ပေါင်းဖို ပိုင်ရှင် တရုတ် အထွေထွေ နျူကလီးယား ကော်ပိုရေးရှင်း (CGN) မှ အောက်တိုဘာလ ၁၉ ရက်က ပြောကြားခဲ့သည်။

တတိယမြောက်ယူနစ်သည် လုပ်ငန်းလည်ပတ်မှု အခြေအနေကောင်းမွန်ကြောင်း နှင့် စမ်းသပ် စစ်ဆေးမှုများပြုလုပ်ပြီး လျှင် တရားဝင် စီးပွားဖြစ် အသုံးပြုနိုင်မည်ဖြစ်ကြောင်း CGN ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

တတိယ မြောက်ယူနစ် တည်ဆောက်ခြင်းကို ၂၀၁၀ ပြည့်နှစ်တွင် စတင်ဆောင်ရွက်ခဲ့ပြီး ပထမ နှင့် ဒုတိယမြောက် ယူနစ်များကို ၂၀၁၄ ခုနှစ် မတ်လ နှင့် ၂၀၁၅ ခုနှစ် ဇွန်လတို့ တွင် အသီးသီး စီးပွားဖြစ် အသုံးပြုနိုင်ခဲ့ကြောင်းသိရသည်။

ရန်ကျန်း နျူကလီးယား ဓါတ်ပေါင်းဖို တွင်ပါဝင်မည့် ယူနစ် ၆ ခုသည် တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ် နာရီ ၄၈ ဘီလီယံ ထုတ်လုပ် ပေးနိုင်မည်ဖြစ်ပြီး ၎င်း ယူနစ်အားလုံးကို ၂၀၁၉ခုနှစ်တွင် စီးပွားဖြစ် အသုံးပြုနိုင်မည် ဖြစ်ကာ ကျန်သုံးယူနစ်မှာ တည်ဆောက်ဆဲ ဖြစ်ကြောင်းသိရသည်။

CGN သည် လက်ရှိတွင် လျှပ်စစ်ဓါတ်အားထုတ်လုပ်နိုင်သည့် နျူကလီးယား ဓါတ်ပေါင်းဖို ယူနစ်ပေါင်း ၁၅ခုကို ပိုင်ဆိုင်ထားပြီး စုစုပေါင်း အနေဖြင့် ကီလိုဝပ် ၁၆သန်း ထုတ်လုပ် နိုင်ကြောင်းသိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117