China
ဆင်ဟွာက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွင် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင်ဆောင်ရွက်မည်

ပေကျင်း၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌ ဖုဟွာသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး under-secretary-general ဖြစ်သူ Tom Fletcher အား ပေကျင်းမြို့တွင် ဧပြီ ၂၅ ရက်က လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
၎င်းတို့သည် သတင်းတင်ဆက်ရာတွင် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး၊ နိုင်ငံစုံယန္တရားများအတွင်း မိတ်ဖက်ဆက်ဆံမှု တိုးတက်စေရေးနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်ဖက်အနေဖြင့် မီဒီယာ သတင်းဖော်ပြချက်များမှတစ်ဆင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးကိစ္စကို အများပြည်သူ နားလည်သဘောပေါက်မှု တိုးတက်လာခြင်း၏ အရေးပါပုံကို အလေးထားဆွေးနွေးခဲ့ကြသလို နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအရေးကိစ္စ မြှင့်တင်ရေးအတွက် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ညှိနှိုင်းရေးရုံးမှ ပံ့ပိုးထားသော အစီအစဉ်များ၌ နက်နက်ရှိုင်းရှိုင်း ပူးပေါင်းဆောင်ရွက်ရန်လည်း သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Xinhua to strengthen cooperation with UN on humanitarian work
BEIJING, April 25 (Xinhua) — President of Xinhua News Agency Fu Hua met with Tom Fletcher, UN under-secretary-general for humanitarian affairs and emergency relief coordinator, in Beijing on Friday.
They exchanged views on strengthening cooperation in news reporting and enhancing partnership within multilateral mechanisms.
The two sides stressed the importance of increasing public understanding of the humanitarian cause through media reports, and agreed to deepen cooperation on programs supported by the UN Office for the Coordination of Humanitarian Affairs to advance the international humanitarian cause.
Photo: President of Xinhua News Agency Fu Hua meets with Tom Fletcher, UN under-secretary-general for humanitarian affairs and emergency relief coordinator, in Beijing, capital of China, April 25, 2025. (Xinhua/Ding Haitao)