Connect with us

Social

ရှုခင်းသာတောင်ကြောလမ်း အဆင့်မြှင့်တင်မှု မေလအတွင်း ပြီးမည်

ရှုခင်းသာတောင်ကြောလမ်းအား တွေ့ရစဉ်(ဓာတ်ပုံ- MOI)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမ ကြီးပေါ် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာအကြားရှိ မိုင် ၂ဝ ရှည်သော ရှုခင်းသာတောင်ကြောလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများသည် မေလအတွင်း ပြီးစီးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

”မေ ၁ ရက်မှာ ရှုခင်းသာတောင်ကြော မိုင် ၂ဝ ကို လေးလမ်းသွား နိုင်လွန်ကတ္တရာခင်း ခြင်းလုပ်ငန်းပြီးဖို့ တစ်ဖာလုံလောက်သာ ကျန်ပါတော့တယ်၊ လမ်းပေါ်မှာ ယာဉ်မောင်းတွေလိုက် နာဖို့အတွက် လမ်းညွှန်အမှတ်အသား (Road Sign)၊ မျဉ်းဖြူ၊ မျဉ်းဝါနဲ့ မျဉ်းတို၊ မျဉ်းရှည်အမှတ် အသား (Road Marking) နဲ့ လမ်းဘေးမှာ ရောင်ပြန် တပ်ဆင်ထားတဲ့ လမ်းဘေးအကာ (Road gardway)တွေ လုပ်ဆောင်ထားပြီး ဖြစ်ပါတယ်”ဟု လားရှိုးမြို့ရှိ Oriental Hig-hway ကုမ္ပဏီမှ စီမံကိန်းတာဝန်ခံ ဦးအောင်နိုင် ဌေးက ပြောကြားသည်။

ရှုခင်းသာတောင်ကြောပေါ်တွင် လမ်းညွှန် အမှတ်အသား ၁၄၃ ခု တပ်ဆင်ထားပြီးကြောင်း၊ လမ်းပေါ်အမှတ်အသားပြ မျဉ်းဖြူ၊ မျဉ်းဝါ၊ မျဉ်းပြတ်ရေးဆွဲမှုများလည်း ပြီးစီး ကြောင်း၊ လမ်းဘေးကာ ရောင်ပြန် တပ်ဆင် ခြင်းလုပ်ငန်းအတွက် လေးမိုင်ခန့်သာ ကျန်ရှိကြောင်း သိရသည်။

ရှုခင်းသာတောင်ကြောပေါ်တွင် လေးလမ်း သွား လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ လုပ်ကိုင်ရာတွင် မြင်ကွင်းကွယ်နေသည့် ကျောက်တောင်များ တောင်ကုန်းများကို ဖြိုဖျက်ရှင်းလင်းခဲ့ရကြောင်း၊ လက်ရှိအချိန်အထိ လည်း သိန်းနီ-ကွတ်ခိုင်-မူဆယ် ပြည်ထောင်စု လမ်းပိုင်းတစ်လျှောက်၌ ကျောက်တောင်ဖြိုခြင်း၊ မြေဖြိုခြင်းလုပ်ငန်းများကို စက်ယန္တရားကြီး များဖြင့် လုပ်ကိုင်နေရဆဲဖြစ်ကြောင်း သိရ သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရှိ လားရှိုး-မူဆယ် လမ်းပိုင်း ပြည်ထောင်စုလမ်း ၁၁၂ မိုင် လမ်းပိုင်း တွင် လားရှိုး- သိန်းနီ-ကွတ်ခိုင်-နမ့်ဖတ်ကာ-မူဆယ်ဟူ၍ အပိုင်းလိုက် လုပ်ကိုင်ခြင်းဖြစ်ရာ Oriental Highway ကုမ္ပဏီက B.O.T စနစ် ဖြင့် လုပ်ကိုင်နေကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117