Media
စနူကာ အားကစားလောကတွင် သမိုင်းဝင်အောင်ပွဲ ရရှိခဲ့သော ကျောက်ရှင်းထုန်
ပွဲပယ်ပြစ်ဒဏ်မှ ပြန်လည်ကစားခွင့်ရခဲ့ပြီး ကမ္ဘာ့စနူကာ ချန်ပီယံရှစ်ပြိုင်ပွဲတွင် သမိုင်းဝင်အောင်ပွဲ ရယူနိုင်ခဲ့သည့် တရုတ်စနူကာ ကစားသမား ကျောက်ရှင်းထုန်မှာ ၎င်း၏အနာဂတ်နှင့် ပတ်သက်၍ စိတ်အားတက်ကြွစရာ အကြောင်းရင်းများရှိနေသည်။
အသက် ၂၈ နှစ်အရွယ် အဆိုပါ တရုတ်စနူကာ ကစားသမားမှာ လက်ရည်စစ်ပွဲများမှစ၍ ကိုးပွဲဆက်တိုက် အနိုင်ရရှိကာ မေ ၅ ရက်တွင် စနူကာ ကမ္ဘာ့ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့သည့် ပထမဆုံး အာရှတိုက်သား ဖြစ်လာခဲ့သည်။
ကျောက်အနေဖြင့် လောင်းကစားလုပ်ကာ စည်းကမ်းချိုးဖောက်မှုအတွက် လ ၂၀ ကြာ ပြိုင်ပွဲဝင်ခွင့် ပိတ်ပင်ခံရပြီးနောက် ယခုကဲ့သို့ အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။
“ကျွန်တော် အမှားတစ်ခု လုပ်မိခဲ့ပြီး အဲဒီကနေ သင်ခန်းစာယူနိုင်ခဲ့ပေမဲ့ ဘယ်တော့မှ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမလျော့ခဲ့ပါဘူး” ဟု ရှက်ဖီးလ်မြို့ရှိ Crucible Theatre ၌ အောင်ပွဲခံနိုင်ခဲ့ပြီး တစ်ရက်နီးပါးအကြာ ဆင်ဟွာသတင်းဌာနနှင့် သီးသန့်အင်တာဗျူးတွင် ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………..
English Version
Zhao Xintong looking to fresh start after historic win at snooker worlds
Returning from his suspension to win a historic title at the World Snooker Championship, Zhao Xintong has every reason to feel upbeat about his future path in career.
The 28-year-old Chinese rode a nine-match winning streak since the qualifiers to become the first Asian to clinch the snooker worlds title on Monday.
Zhao’s victory comes after he served a 20-month ban for breaching betting regulations.
“I did something wrong and I learned from it, but I have never lost faith in myself,” Zhao said in an exclusive interview with Xinhua, less than 24 hours after his win at the Crucible Theatre in Sheffield.