Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် အီရန် နိုင်ငံခြားရေးဝန်ကြီး တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ (ဝဲ) နှင့် အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ် (ယာ) တို့ ပေကျင်းမြို့တွင် မေ ၁၃ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ သည် ပေကျင်းမြို့တွင် မေ ၁၃ ရက်က အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ဖ် နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝမ် က တရုတ်နိုင်ငံသည် အီရန်နိုင်ငံ နှင့် ရှေးရိုးအစဉ်အလာမပြတ်သော ရင်းနှီးချစ်ကြည်မှု နှင့် နှစ်နိုင်ငံကြား ပြီးပြည့်စုံသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း ပြောကြားခဲ့သည်။၎င်းက အီရန်နိုင်ငံအား ပိုးလမ်းမကြီးတည်ဆောက်မှုတွင် အရေးပါသော မိတ်ဖက်တစ်ဦးအဖြစ် တရုတ်နိုင်ငံက မှတ်ယူပါကြောင်း၊ အမျိုးမျိုးသော ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် နှစ်နိုင်ငံခေါင်းဆောင်များ ထားရှိခဲ့သည့် သဘောတူညီချက်များကို အီရန်နိုင်ငံ နှင့် လက်တွဲကာ ပြီးပြည့်စုံအောင်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဇာရစ်ဖ် က အီရန်နိုင်ငံသည်လည်း တရုတ်နိုင်ငံ နှင့် ချစ်ကြည်ရေးကို အထူးအလေးထားပါကြောင်း၊ တရုတ်နိုင်ငံ နှင့် ပူးပေါင်းကာ ခေတ်သစ်ပိုးလမ်းမကြီး အကောင်အထည်ဖော်မှု မူဘောင်အတွင်း အခြေခံအဆောက်အအုံ နှင့် ဆက်သွယ်ချိတ်ဆက်မှုများအား လက်တွဲလုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။သတင်းအပြည့်အစုံဖတ်ရန် Link- http://www.xinhuanet.com/english/2018-05/13/c_137176215.htm


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117