Connect with us

North America

ထရမ့်၏ ဥရောပသမဂ္ဂအား မြင့်မားသော စည်းကြပ်ခွန်ကောက်ခံမည်ဟူသော အဆိုများကြောင့် ဥရောပစတော့များ ထိုးဆင်း

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့ရှိ ဂျာမနီ ဖရန့်ဖွတ်စတော့အိတ်ချိန်း၏ အတွင်းပိုင်းမြင်ကွင်းကို ၂၀၂၄ ခုနှစ် ဩဂုတ် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖရန့်ဖွတ်၊ မေ ၂၄ ရက် (ဆင်ဟွာ)
ဇွန် ၁ ရက်မှစ၍ ဥရောပသမဂ္ဂ ထုတ်ကုန်များကို ၅၀ ရာခိုင်နှုန်း တိုက်ရိုက် စည်းကြပ်ခွန် ကောက်ခံမည်ဟု အမေရိကန် သမ္မတ ထရမ့်က မေလ ၂၃ ရက်တွင် ခြိမ်းခြောက်ခဲ့ရာ ဤသက်ဆိုင်ရာပြောကြားချက်များကြောင့် ဥရောပဘဏ္ဍာရေးဈေးကွက်များတွင် ကမောက်ကမဖြစ်စေခဲ့ပြီး အဓိက စတော့အညွှန်းကိန်းများ ဆက်တိုက်ကျဆင်းခဲ့သည်။

ထရမ့်၏ ပြောကြားချက်များအပြီးတွင် European STOXX 600 အညွှန်းကိန်း၊ အီတလီ FTSE MIB အညွှန်းကိန်း၊ ဂျာမနီ ဖရန့်ဖွတ်စတော့အိတ်ချိန်းမှ DAX အညွှန်းကိန်း၊ ပြင်သစ် ပဲရစ်စတော့အိတ်ချိန်းမှ CAC40 အညွှန်းကိန်းနှင့် စပိန်စတော့အိတ်ချိန်းမှ IBEX35 အညွှန်းကိန်းအားလုံးသည် ပျမ်းမျှ ၂ ရာခိုင်နှုန်းကျော် ကျဆင်းသွားသည်။ ၎င်းတို့အနက် ဂျာမနီစတော့အိတ်ချိန်းမှ DAX အညွှန်းကိန်းသည် သီတင်းပတ်နှစ်ပတ်အတွင်း အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားပြီး ထိုနေ့တွင် ၂၃၃၂၅.၅ ပွိုင့်အထိ ကျဆင်းသွားခဲ့သည်။

“နောက်ဆုံးထုတ်ပြန်ထားတဲ့ စည်းကြပ်ခွန်ခြိမ်းခြောက်မှုက ဘက်ပေါင်းစုံရဲ့ ခန့်မှန်းထားတဲ့ အခြေအနေထက်ပိုပြီးဆိုးရွားလွန်းနေတယ်” ဟု အကြီးတန်း နိုင်ငံခြားငွေစျေးကွက်လေ့လာဆန်းစစ်သူ Fiona Cincotta က ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်တိုးမြှင့်ကောက်ခံမည့် ထရမ့် ခြိမ်းခြောက်မှု လုပ်ရပ်များက မည်သည့်ဘက်ကိုမျှ အကျိုးဖြစ်ထွန်းစေမည်မဟုတ်သလို ဂျာမနီနိုင်ငံအနေဖြင့် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့ကြား ဆွေးနွေးမှုများကို ဆက်လက် ထောက်ခံသွားမည်ဖြစ်ကြောင်း ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Johann Wadephul က တုံ့ပြန်သည့်အနေဖြင့် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂ ကော်မရှင်သည် အဖွဲ့ဝင်နိုင်ငံများ၏ အမေရိကန်ဈေးကွက်သို့ ဝင်ရောက်ခွင့်နှင့် အကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်ရာတွင် အစဉ်အမြဲ အားထားဆောင်ရွက်လျက်ရှိကြောင်း၊ “စည်းကြပ်ခွန် အစီအမံက ဘယ်ဘက်အတွက်မှ အကျိုးဖြစ်ထွန်းစရာမရှိဘဲ ဥရောပနဲ့ အမေရိကန်စီးပွားရေးအစုအဖွဲ့နှစ်ရပ် ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေ ရှိလာမှာပဲဖြစ်တယ်” ဟု Wadephul က ပြောကြားခဲ့သည်။

“တကယ်လို့ အမေရိကန်က ဒီလို အဓိကကျတဲ့ ကုန်သွယ်ရေးမိတ်ဖက်အပေါ် ဒီလောက်မြင့်မားတဲ့ စည်းကြပ်ခွန်ကောက်ခံမယ်ဆိုရင် ဒါဟာ နိုင်ငံရဲ့ စီးပွားရေးကျဆင်းမှုကို မလွဲမသွေ ဖြစ်ပေါ်စေမှာပဲဖြစ်တယ်” ဟု ဟမ်းဘတ် ကူးသန်းရောင်းဝယ်ရေးဘဏ်၏ အမှုဆောင်၊ စီးပွားရေးပညာရှင် Cyrus de la Rubia က ပြောကြားခဲ့သည်။ (Xinhua)

ဂျာမနီနိုင်ငံ ဖရန့်ဖွတ်မြို့တွင် ဂျာမနီ ဖရန့်ဖွတ်စတော့အိတ်ချိန်းအဆောက်အအုံ၏ အပြင်ဘက်မြင်ကွင်းကို ၂၀၂၅ ခုနှစ် မေ ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………
(Chinese Version)
特朗普对欧盟高额关税言论引发欧股大跌
新华社法兰克福5月23日电(记者单玮怡 褚怡)美国总统特朗普23日威胁自6月1日起对欧盟商品直接征收50%关税,相关言论在欧洲金融市场引发震荡,重要股指纷纷下挫。
特朗普发表言论后,欧洲斯托克600指数、意大利富时MIB指数、德国法兰克福股市DAX指数、法国巴黎股市CAC40指数、西班牙股市IBEX35指数跌幅均超2%。其中,德国DAX指数跌至两周以来最低水平,当天一度下跌至23325.5点。
外汇市场高级分析师费奥娜·钦科塔说:“最新的关税威胁比各方预计的最坏情况还要恶劣。”
德国外交部长瓦德富尔回应称,特朗普威胁对欧盟商品提高关税的做法无益于任何一方,德国将继续支持欧盟与美国对话。瓦德富尔说,欧盟委员会始终致力于维护成员国对美市场准入权益。“关税措施对各方均无益处,只会对欧美两大经济体发展造成负面影响。”
汉堡商业银行首席经济学家赛勒斯·德拉鲁比娅说:“如果美国对这样一个关键贸易伙伴征收如此高的关税,这几乎不可避免地会引发本国经济衰退。”(完)
图说1:这是2024年8月26日拍摄的德国法兰克福证券交易所内景。新华社记者 张帆 摄
图说2:这是5月23日在德国法兰克福拍摄的法兰克福证券交易所外景。新华社记者 张帆 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.