North America
ကနေဒါနှင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုအားလုံး ရပ်ဆိုင်းကြောင်း ထရမ့် ကြေညာ

နယူးယောက်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
အမေရိကန် သိပ္ပံနှင့် နည်းပညာကုမ္ပဏီများအပေါ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် ထုတ်ပြန်ရန် ကနေဒါဘက်က အခိုင်အမာလက်ကိုင်ထားသောကြောင့် အမေရိကန်ဘက်က ကနေဒါနှင့် ကုန်သွယ်ရေးစေ့စပ်ညှိနှိုင်းမှုအားလုံးကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန်သမ္မတ ထရမ့်က ဇွန် ၂၇ ရက်တွင် လူမှုမီဒီယာ၌ ကြေညာခဲ့သည်။
အမေရိကန်နှင့် ကုန်သွယ်ရေး လုပ်ဆောင်ရာတွင် ကျင့်သုံးမည့် စည်းကြပ်ခွန် အခွန်နှုန်းကို ၇ ရက်အတွင်း ကနေဒါကို အကြောင်းကြားမည်ဟု ထရမ့်က ပြောကြားခဲ့သည်။
ကနေဒါနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး François-Philippe Champagne က သိပ္ပံနှင့်နည်းပညာကုမ္ပဏီများအပေါ် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် စည်းကြပ်ရန် အစီအစဉ်ကို ရွှေ့ဆိုင်းမည်မဟုတ်ဘဲ အဆိုပါအခွန်သည် ဇွန် ၃၀ ရက်မှ စတင်အသက်ဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအစီအစဉ်အရ ကနေဒါအစိုးရသည် ကနေဒါအသုံးပြုသူများထံ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများပေးဆောင်ခြင်း သို့မဟုတ် ကနေဒါအသုံးပြုသူဒေတာများရောင်းချသည့် သိပ္ပံနှင့် နည်းပညာကုမ္ပဏီများအပေါ် ဝင်ငွေ၏ ၃ ရာခိုင်နှုန်း အခွန်စည်းကြပ်မည်ဖြစ်ပြီး ယင်းသည် သက်ဆိုင်ရာကုမ္ပဏီ၏ ၂၀၂၂ ခုနှစ်တွင် ရရှိခဲ့သောဝင်ငွေများအထိ အကျုံးဝင်ကြောင်း သိရသည်။
လက်ရှိတွင် အမေရိကန်သည် ကနေဒါစသည့် ကုန်သွယ်ရေးမိတ်ဖက်များနှင့် စေ့စပ်ညှိနှိုင်းလျက်ရှိပြီး ထရမ့် သတ်မှတ်ထားသော နောက်ဆုံးရက်ကန့်သတ်ချက် မတိုင်မီ သဘောတူညီမှုရရှိရမည်ဖြစ်သည်။ အမေရိကန်သည် ကနေဒါ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုအခွန် စည်းကြပ်မည့် အစီအစဉ်ကို အစဉ် ကန့်ကွက်ခဲ့ပြီး ယင်းအား တားဆီးရန် ကြိုးပမ်းခဲ့သည်။
ထရမ့်သည် ဧပြီ ၂ ရက်တွင် “အလားတူ စည်းကြပ်ခွန်” ဟုခေါ်သော အခွန်စည်းကြပ်မည်ဟု ကြေညာခဲ့ရာ အမေရိကန်ဘဏ္ဍာရေးစျေးကွက်များ သိသိသာသာ ကျဆင်းသွားခဲ့သည်။ ဘက်အများအပြား၏ ဖိအားပေးမှုအောက်တွင် ထရမ့်က ကုန်သွယ်ရေးမိတ်ဖက်အချို့အပေါ် တန်ဖိုးမြင့်မားသော “အလားတူ စည်းကြပ်ခွန်” စည်းကြပ်မှုကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားသော်လည်း ၁၀ ရာခိုင်နှုန်းရှိသော “အခြေခံအကောက်ခွန်” ကို ဆက်လက်ထိန်းသိမ်းထားပြီး တစ်ချိန်တည်းမှာပင် အမေရိကန်၏ ကုန်သွယ်ရေးမိတ်ဖက်များအား ဇူလိုင် ၈ ရက် မတိုင်မီ အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှု ပြီးမြောက်ရန် လိုအပ်သည်ဟု ခြိမ်းခြောက်ခဲ့သည်။ (Xinhua)
………………
(Chinese Version)
特朗普宣布停止与加拿大所有贸易谈判
新华社纽约6月27日电(记者刘亚南)美国总统特朗普27日在社交媒体上宣布,由于加拿大坚持推出针对美国科技公司的数字服务税,美国决定立即停止与加拿大的所有贸易谈判。
特朗普表示,美国将在7日内告知加拿大与美国开展贸易所适用的关税税率。
加拿大财政部长商鹏飞26日宣布,不会推迟向科技公司征收数字服务税的计划,数字服务税将自6月30日生效。根据计划,加拿大政府将针对科技公司向加拿大用户提供数字服务或出售加拿大用户数据的收入征收3%的税,并追溯至相关公司2022年的收入。
目前,美国正与加拿大等贸易伙伴谈判,以在特朗普设定的最后期限前达成协议。美国一直反对加拿大征收数字服务税的计划,并试图施压阻止。
特朗普4月2日宣布开征所谓“对等关税”,引发美国金融市场暴跌。在多方压力下,特朗普又在4月9日宣布暂缓对部分贸易伙伴征收高额“对等关税”90天,但维持10%“基准关税”,同时威胁美贸易伙伴需在7月8日前完成与美谈判。(完)
图说:6月27日,美国总统特朗普在华盛顿白宫出席记者会。新华社记者 胡友松 摄