Media
လီဗာပူးလ် တိုက်စစ်ကစားသမား ဒီယိုဂို ဂျိုတာနှင့် ၎င်း၏ညီဖြစ်သူ ယာဉ်တိုက်မှုဖြင့် ကွယ်လွန်
မက်ဒရစ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
လီဗာပူးလ်အသင်း၏ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဒီယိုဂို ဂျိုတာနှင့် ၎င်း၏ညီဖြစ်သူ အန်ဒရေတို့မှာ စပိန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ဇူလိုင် ၃ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအတွင်း ကွယ်လွန်သွားခဲ့ကြောင်း စပိန်အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။
ပလာစီယို့စ် ဒီဆာနာဘရီယာမြို့ရှိ A52 လမ်းမ၌ ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုအတွင်း လူငယ်နှစ်ဦး ကွယ်လွန်သွားကြောင်း၊ မီးသတ်တပ်ဖွဲ့က အခင်းဖြစ်ပွားရာသို့ သွားရောက်ခဲ့ရာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့သည့်ယာဉ်မှာ မီးလောင်ကျွမ်းကာ အနီးဝန်းကျင်ရှိ အပင်များကို ကူးစက်လောင်ကျွမ်းခဲ့ကြောင်း ပေါ်တူဂီနိုင်ငံနှင့် ထိစပ်နေသော စပိန်နိုင်ငံ ဇာမိုရာပြည်နယ် ဒေသန္တရအစိုးရက ဆိုရှယ်မီဒီယာ၌ ကြေညာချက်ထုတ်ပြန်ကာ အဆိုပါသတင်းကို အတည်ပြုခဲ့သည်။
လတ်တလောတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို မသိရှိရသေးသော်လည်း ၎င်းတို့ ညီအစ်ကိုနှစ်ဦး မောင်းနှင်လာသော Lamborghini ပြိုင်ကားမှာ တာယာပွင့်၍ လမ်းဘေးသို့ထိုးဆင်းကာ မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု ကနဦး သုံးသပ်ထားပြီး ထိုဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ နှစ်ဦးစလုံးမှာ ဒေသစံတော်ချိန် ၀၀:၃၀ နာရီဝန်းကျင်၌ ကွယ်လွန်သွားခဲ့ကြောင်း သိရသည်။
ဂျိုတာမှာ ၎င်းနှင့် ကာလရှည်လက်တွဲခဲ့သည့် အတူနေချစ်သူ ရူတေ ကာဒိုဆိုနှင့် ဇွန် ၂၂ ရက်က လက်ထပ်ထိမ်းမြားခဲ့ပြီး ၎င်းတို့စုံတွဲမှာ သားသမီးသုံးဦး ထွန်းကားခဲ့သည်။
၂၀၂၀ ပြည့်နှစ်တွင် ဝူလ်ဗာဟမ်တန်အသင်းမှ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့လာခဲ့သည့် အသက် ၂၈ နှစ်အရွယ် ဂျိုတာအနေဖြင့် လက်ရှိ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးလ်အတွက် ၁၈၂ ပွဲ ပါဝင်ကစားခဲ့ပြီး ၆၅ ဂိုး သွင်းယူခဲ့သည်။ ဂျိုတာမှာ ပေါ်တူဂီအသင်းအတွက်လည်း ၄၉ ပွဲ ကစားခဲ့ပြီး ၁၄ ဂိုး သွင်းယူထားသူဖြစ်သည်။ (Xinhua)
……………..
(English Version)
Liverpool forward Diogo Jota and brother die in car crash in north-west Spain
MADRID, July 3 (Xinhua) — Liverpool’s Portuguese international forward Diogo Jota and his brother Andre died in the early hours of Thursday morning in a car accident in north-west Spain, according to Spanish authorities.
The regional government deputation of the province of Zamora, which is next to Portugal, confirmed the news with a communique on social media informing that “two young people died in an accident on the A52 road at Palacios de Sanabria”, adding that the fire brigade were at the scene of the accident and that the vehicle had caught fire, causing the flames to spread to the surrounding vegetation.
The cause of the accident is still unknown, but an early hypothesis is that a tire burst in the Lamborghini sports car the brothers were travelling in, causing it to go off the road and burst into flames, killing both of the occupants at around 00:30 local time (22:30 GMT).
Jota had married his long-term partner Rute Cardoso just 10 days ago on June 22 and the pair have three small children.
The 28-year-old, who joined Liverpool from Wolverhampton Wanderers in 2020, have scored 65 goals in 182 appearances for the Premier League champions. He also scored 14 times in 49 games for Portugal.